မတ်လ(၁၅)ရက်နေ့ ည(၉)နာရီဝန်းကျင်မှစ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် (၄၀)မိနစ်ခန့်နှင့် တာချီလိတ်မြို့တွင် (၁၉)နာရီဝန်းကျင်အကြာ လျှပ်စစ်မီးပြတ်တောက်သွားမှုသည် ထိုင်းနိုင်ငံ မယ်ကျန့်မြို့တွင် ကုန်တင်ကားကြီးတစ်စီးမှ 115 KV ဓါတ်တိုင်အား အရှိန်ပြင်းစွာ ၀င်ရောက် တိုက်မိမှုကြောင့် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပျက်သွားခဲ့ရတာဖြစ်ကြောင်း သိရသည်။
(၁၉)နာရီဝန်းကျင်အကြာ လျှပ်စစ်မီးပြတ်တောက်သွားမှုသည် ယနေ့ မတ်လ(၁၅)ရက် ညနေ (၄း၂၀)နာရီ အချိန်မှ လျှပ်စစ်မီးပြန်လည် ရရှိခဲ့သည်။ ထိုင်းနိုင်ငံ မယ်ကျန့်မြို့တွင် မကြာခဏဆိုသလိုပင် ကားကြီးများမှ အရှိန်မထိန်းနိုင်ပဲ ဓါတ်တိုင်များအား ၀င်ရောက်တိုက်မိရာမှ ယခုလိုပင် မြန်မာဘက် တာချီလိတ်မြို့တွင်လည်း လျှပ်စစ်မီး ပြတ်သွားရခြင်းဖြစ်သည်။
Photo Thank to : PEC
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]