မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း
ဖွံ့ဖြိုးရေးစီမံကိန်း (မယ့်ဖားလုံဖောင်ဒေးရှင်း ) ၏ စီစဉ်မှုဖြင့် ရွေ့လျား ကျန်းမာရေး ၀န်ဆောင်မှု
(Mobile Medical Unit) အစီအစဉ်အား ယနေ့ မတ်လ (၁၉)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု စန်းလု(အောက်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြု
လုပ်ရာ ရှေးဦးစွာ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့
ပြည်သူ့ ဆေးရုံကြီးမှ ညွှန်ကြားရေးမှူး Dr . Sura Kunkongkapan တို့မှ အဖွင့်အမှာစကားပြောကြား
ပြီး မယ့်ဖားလုံဖောင်ဒေးရှင်း (တာချီလိတ်/မိုင်းဆတ်)မန်နေဂျာ ဦးအာဗေလမှ ကျေးလက်ဒေသနေ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်ပေးမှု အစီအမံများအား ရှင်းလင်းတင်ပြကာ လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအားဂျာ မှ ကျေးဇူးတင်စကားပြောကြားပါသည်။
ထို့နောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြည်သူ့ဆေးရုံကြီးမှ ညွှန်ကြားရေးမှူး Dr . Sura
Kunkongkapan ဦးဆောင်သည့် ထိုင်းနိုင်ငံမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊
တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ သွား/ခံတွင်း အထူးကုဆရာဝန် ဒေါက်တာစိုးယုဝေ ဦးဆောင်
သည့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ စန်းလုကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ
အာခါ ၊ လားဟူတိုင်းရင်းသားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးဝါးကုသခြင်းများအား ဆောင်ရွက်
ပေးကြပါသည်။
အဆိုပါ မြန်မာ-ထိုင်း ပူးပေါင်းအဖွဲ့သည် မတ်လ ၂၀ ရက်နေ့တွင် ဂျောပ ၊ ဖတ်ဟိ (အထက်)၊
ဖလောက် ကျေးရွာများတွင် လည်းကောင်း၊ မတ်လ ၂၁ ရက်နေ့တွင် ဖလဲ ၊ ဟွေဟေး (အထက်)
ကျေးရွာများတွင်လည်းကောင်း ဒေသခံတိုင်းရင်းသားများအား ကျန်းမာရေးဝန်ဆောင်မှုများ ဆက်လက်
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဓါတ်ပုံ/သတင်း။ ။ မောင်ယဉ်ကျေး