တာချီလိတ်ခရိုင်၏ ၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျောင်းသား ၈၀၀ကျော်မှ အေးချမ်းစွာဖြင့် ဖြေဆိုခဲ့ကြ

တာချီလိတ်ခရိုင်၏ ၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျောင်းသား ၈၀၀ကျော်မှ အေးချမ်းစွာဖြင့် ဖြေဆိုခဲ့ကြ
မတ် 19, 2014
By Tachileik News Agency
    မြန်မာတစ်နိုင်ငံလုံး၌ ၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေမှုကို မတ်လ(၁၂)ရက်နေ့မှစ၍ မတ်လ(၂၂)ရက်နေ့ထိ ကျင်းပသည်ဖြစ်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၏ ၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမှုတွင် ပထ၀ီ နှင့် သမိုင်းဘာသာရပ်တို့တွင် ဖြေဆိုမည့်သူ တစ်ဦးသာရှိပြီး စိတ်ကြိုက်မြန်မာစာကို ဖြေဆိုသူမရှိပဲ များသောအားဖြင့် ယနေ့ မတ်လ(၁၉)ရက်နေ့တွင် ဖြေဆိုသော ဘာသာရပ်သည် ကျောင်းသား/သူ (၈၀၀)ကျော်တို့၏ နောက်ဆုံးစာမေးပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ကြသည်။
       တာချီလိတ်ခရိုင်၏ ၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမှုတွင် ကျောင်းသား/သူ အရေအတွက်အားဖြင့် အ.ထ.က(တာချီလိတ်)မှ (၁၅၄)ဦး၊ အ.ထ.က(ဆန်ဆိုင်း)မှ (၇၆)ဦး၊ အ.ထ.က(၀မ်နတ်)မှ (၁၀)ဦး၊ အ.ထ.က(ဟောင်လိတ်)မှ (၆၆)ဦး၊ အ.ထ.က(မိုင်းကိုး)မှ (၅၀)ဦး၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ (၁၄၀)ဦး၊ အလွတ်ဖြေ (၃၂၈)ဦး၊ စုစုပေါင်း (၈၂၄)ဦးရှိပြီး အဆိုပါ (၈၂၄)ဦးတွင် ကျောင်းသား (၃၁၄)ဦး နှင့် ကျောင်းသူ (၅၁၀)ဦး ရှိကြောင်း တာချီလိတ်စာစစ်ဌာန၏ စာရင်းအရ သိရသည်။
 မအိမ့်သက်လယ် )
အဆိုပါ စာမေးပွဲတွင် ထူးခြားမှုအနေဖြင့် ဆွံ့အ နားမကြား ကျောင်းသူကလေး မအိမ့်သက်လယ်သည် အတွဲ(၇)အား ဖြေဆိုသွားကြောင်းသိရသည်။
         ပြီးခဲ့သော တာချီလိတ်ခရိုင်၏ ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀င်ရောက်ဖြေဆိုမှုတွင် ၀င်ရောက်ဖြေဆိုခဲ့ကြသူ (၆၄၁)ဦးရှိပြီး အောင်မြင်သူမှာ(၈၉)ဦးရှိကာ တစ်မြို့နယ်လုံး၏ အောင်ချက်ရာခိုင်နှုန်းမှာ (၁၃.၈၈)ဖြစ်ပြီး (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး (၁)ဘာသာဂုဏ်ထူးရှင်(၈)ဦး ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။
သတင်း။       ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~