တာချီလိတ်မြို့၊ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် မိုင်းဖြတ်မြို့မှတဆင့် မိုင်းယောင်းမြို့သို့ တရားဟောရန် ကြွရောက်တော်မူရာ မတ်လ (၂၁)ရက်၊ မွန်းလွဲ (၂)နာရီ (၂၀)မိနစ်အချိန်က မိုင်းဖြတ်မြို့သို့ ရောက်ရှိရာ တပည့်တကာ၊ တကာမများက ကြိုဆိုဖူးမြော်ကြည်ညှိခဲ့ကြောင်း သိရသည်။
ဆရာတော်သည် ညနေ (၅)နာရီကျော်တွင် မိုင်းယောင်းမြို့၊ ဟိုခုံပရိယတ္တိစာသင်တိုက် သို့ ရောက်ရှိပြီး၊ သမိုင်းဝင် ထပ်လုံ စေတီတော်မြတ်ကြီး၌ တရားကျင့်ကြံ ပွားများ၍ သီတင်းသုံးတော်မူသည်။
ဆရာတော်သည် ယနေ့ မတ်လ(၂၂)ရက်တွင် အမှတ်(၂)ရပ်ကွက်၌ တရားဟောမည်ဖြစ်ပြီး၊ ထိုမှတဆင့် စွမ်ဟိန်းဂူ(ခေါ်) ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူတော်၌ ကျင်းပလျက်ရှိသော တရားပွဲတွင် တပည့်တကာ အပေါင်းတို့အား တရားဟောကြားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ/သတင်း။ ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~