ကျပ် ၈၈ သိန်းကျော် တန်ဖို့ရှိ စိတ်ကြွဆေးပြားများ တာချီလိတ်၌ ဖမ်းဆီးရရှိ

ကျပ် ၈၈ သိန်းကျော် တန်ဖို့ရှိ စိတ်ကြွဆေးပြားများ တာချီလိတ်၌ ဖမ်းဆီးရရှိ
မတ် 24, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေးစခန်း၌ ယနေ့ မတ်လ(၂၄)ရက် နံနက် (၇း၃၀)နာရီအချိန်က ကျပ်သိန်းပေါင်း (၈၈)သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မသင်္ကာဖွယ် ယာဉ်သွား ယာဉ်လာများအား ရပ်တန့်ရှာဖွေ စစ်ဆေးနေကြစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်အားဆူxxx မောင်းနင်လာသည့် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်အတွင်း ဘက်ထရီထည့်သည့် ကာဘာ(အဖုံး)အတွင်း၌ ရှမ်းစက္ကူဖြင့် ပတ်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၀၀၀)ပြား နှင့် Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၅၅၀)ပြား စုစုပေါင်း ဆေးပြား (၃၅၅၀)ပြားတို့ကို ရှာဖွေတွေ့ရှိရ၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြားများနှင့်အတူ တရားခံအား ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဆက်လက်၍ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရရှိထားသူ တရားခံအား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၄၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~