ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် နမ့်ခမ်းမြို့ အမှတ် (၁၄)ရပ်ကွက်ရှိ အိမ်အမှတ် (၆၅/---)နေ ဦးဟော်လီxx၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေခွင့်ဝရမ်း အမှတ်(၉/၂၀၁၄)ဖြင့် ၀င်ရောက် ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်း အိပ်ယာဘေး၌ Love is Flower စာတန်းပါ အပြာနုရောင် ပလပ်စတစ်ဆပ်ပြာခွက် အတွင်းမှာ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျှက် ဘိန်းဖြူမှုန့် (၇.၅)ဂရမ် နှင့် အဖြူရောင် ကော်ဗူးဖြင့် ထည့်ထားသည့် ဘိန်းဖြူမှုန့် (၂)ဂရမ်ခန့် စုစုပေါင်း ( ၉.၅)ဂရမ်ခန့်အား ရှာဖွေတွေ့ရှိရာ အဆိုပါ မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ ကျပ် (၁၉)သိန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရရှိသူ ဦးဟော်လီxx အား နမ့်ခမ်းမြို့မရဲစခန်းမှ မယ(ပ)၁၉/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)အရ ယနေ့ မတ်လ(၂၅)ရက် ညနေ (၃း၄၀)နာရီအချိန်က အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။