မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ စာရင်းဇယားကောက်ယူရေး သင်တန်း မိုင်းဖြတ်၌ ဖွင့်လှစ်

မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ စာရင်းဇယားကောက်ယူရေး သင်တန်း မိုင်းဖြတ်၌ ဖွင့်လှစ်
မတ် 27, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ
လုပ်ငန်းစာရင်းဇယားများ ကောက်ယူပြုစုရေး သင်တန်းဖွင့်ပွဲကို မတ်လ(၂၅)ရက်၊ နံနက် (၁၀)နာရီက ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးစက်ရွှေ က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအားလွန်က မွေးဖွားမှု
နှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းနှင့် ဌာန၏ လုပ်ငန်းများကို လည်းကောင်း၊ မြို့နယ် ကျန်းမာရေးမှူး ဦးကျော်တင့် က မွေးဖွားခြင်းနှင့် သေဆုံးခြင်းလက်မှတ်ထုတ်ပေးမှု ဆိုင်ရာများကိုလည်းကောင်း၊ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးစက်ရွှေ က မွေးဖွားမှု ၊ သေဆုံးမှု ဆိုင်ရာ စာရင်းဇယား ကောက်ယူပြုစုရေးအဖွဲ့၏ ဖွဲ့စည်းပုံနှင့် အဖွဲ့၏တာဝန်၊ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့် ဆိုင်ရာများကိုလည်းကောင်း ပို့ချပေးသည်။

အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊
ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။       ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~