ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ် - မိုင်းဆတ်သွား ကားလမ်းမပေါ် မြို့ရှောင်လမ်းဆုံတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေး ရှာဖွေနေစဉ် ဟွေရဲဘက်မှ မောင်းနင်လာသော အဖြူရောင် မော်တော်ယာဉ်တစ်စီးသည် စစ်ဆေးရေးအဖွဲ့နှင့် (၄)ဖါလုံခန့်အကွာမှ နောက်ပြန်လည့်၍ မောင်းနှင်ထွက်ပြေးသည့်အခါမှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့မှ မော်တော်ယာဉ်ဖြင့် လိုက်လံဖမ်းဆီးရာ ညနေ(၄)နာရီအချိန်တွင် မြို့ရှောင်လမ်းဝဲဘက် တောလမ်းအတွင်း မောင်းနှင်ထွက်ပြေးသွားပြီး အဆိုပါ တောလမ်းအတွင်း၌ မော်တော်ယာဉ်၏ ကားတံခါးများမှာ ဖွင့်လျှက်ဖြင့် တွေ့ရှိရပြီး ကားအနီးသို့ သွားရောက်၍ စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူမှာ မော်တော်ယာဉ်အား စွန့်ခွာ၍ တောထဲသို့ ထွက်ပြေးသွားကြောင်း စီစစ်တွေ့ရှိရသည်။
အဆိုပါ ကျန်ရစ်ခဲ့သော ကား၏ အတွင်းပိုင်းသို့ ဆက်လက်၍ ရှာဖွေ စစ်ဆေးရာ မော်တော်ယာဉ် ရှေ့ခန်းအတွင်း ထိုင်းခုံ(၂)ခုကြားရှိ ပန်းနုရောင် အောက်ခံပေါ် အနီရောင်ပန်းပွင့်ငယ်များပါသည့် မိန်းမကိုင် ဇစ်တပ်ဘေးလွယ်အိတ် အတွင်း၌ ထည့်လျှက် ထိုင်းနိုင်ငံသုံး ငွေစက္ကူ (၁၀၀၀)ဘတ်တန် ရွက်ရေ (၁၀၀)စီပါသည့် (၃၅)ထုပ်၊ စုစုပေါင်း ထိုင်းဘတ်ငွေ (၃၅)သိန်းနှင့် ပိုက်ဆံအိတ်ငယ်အတွင်းမှ ထိုင်းငွေစက္ကူရောရာ (၂၈၀၀)ဘတ်နှင့် အ၀တ်အထည်တွေကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ သက်သေခံ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ထိုင်းနိုင်ငံသုံးဘတ်ငွေ (၃၅)သိန်းကျော်ကို ယနေ့ည(၈း၅၅)နာရီအချိန်တွင် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တာချီလိတ်မြို့မရဲစခန်းသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိသည့် ပစ္စည်းများအဖြစ် အပ်နှံထားရှိပြီး အဆိုပါကိစ္စများနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းဖော်ထုတ် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။