ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ဖန်မင်ကျေးရွာအုပ်စုရှိ ဆန်နားကျေးရွာတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အခိုင်အမာ သတင်းရရှိထားသည့် အတွက် အဆိုပါ ကျေးရွာသို့ သွားရောက်၍ သတင်းရရှိထားသော နေအိမ်အား ၀င်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ ဦးလိန်xxxအား နေအိမ်တွင် မတွေ့ရဘဲ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ် အပေါ်ထပ် အိပ်ခန်းအတွင်း၌ တစ်လုံးထိုးကျည်(၂၇)တောင့်၊ ပွိုင့် ၄၅ ACP ကျည် (၁၄၉)တောင့်၊ ၉ မမလူကာကျည် (၈)တောင့်၊ ကျည်ကဒ် (၁)ခု၊ ယမ်းစိမ်းပေါင်(၃၀)ပါသည့် စက္ကူဖာ(၁)ဖာ နှင့် စစ်ကျောပိုးအိတ် (၁၀)လုံးတို့အား တွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါ အဖွဲ့မှ (၀၁း၁၅)နာရီအချိန်တွင် ဆန်နားကျေးရွာရှိ ဦးလိန်၏ သားဖြစ်သူ စိုင်းနွန်းxxx၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ စိုင်းနွန်းxxသည် နေအိမ်၌ အသင့်ရှိနေပြီး နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းနှင့် တွဲလျက် ရေချိုးခန်းအိမ်သာခန်း အတွင်းမှ စိတ်ကြွဆေးထုတ်လုပ်ရန် အတွက် အသင့်ရောစပ်ထားသော ပန်းရောင်အမှုန့်အလေးချိန် (၂)ကီလိုဂရမ်ပါ (၁)ထုပ်နှင့် အစိမ်းရောင်အမှုန့်အလေးချိန် (၁၆၀)ဂရမ်စီပါသည့် (၂)ထုပ် စုစုပေါင်း အလေးချိန် (၂.၃၂)ကီလိုဂရမ်တို့အား လည်းကောင်း၊ အိပ်ခန်းအတွင်း စားပွဲပေါ်မှ PB CAL 9 PARA MADE IN ITALY တံဆိပ်ပါ ကျည်ကဒ် (၁)ခုနှင့် 9 MM PARA တံဆိပ်ပါသည့် ဗူးဖြင့် ထည့်ထားသည့် ၎င်းကျည်(၂၈)တောင့်တို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါ သက်သေခံပစ္စည်းများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ စိုင်းနွန်းxxxအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၄၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၂(ခ)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။