ဦးလော်တား+ဒေါ်နားဖေ့၏ နေအိမ် မီးဖိုမီး မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ်(၆၃) အိမ် မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာတွင် အိမ်ခြေ ( ၆၅ ) အိမ်ရှိပြီး၊ မီးလောင်ကျွမ်းသည့် အိမ်များမှာ ၀ါးသက်ကယ်အိမ် (၅၄)အိမ်၊ ပျဉ်ကာ သွပ်မိုးအိမ် ( ၅)အိမ်၊ ပျဉ်ကာ သက်ကယ်မိုး (၄)အိမ်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှုကြောင့် ဟာလာဆန်စက်(၁၀)လုံး၊ ဆိုင်ကယ်(၁၂)စီး၊ သုံးဘီးဆိုင်ကယ် (၄)စီး၊ လက်တွန်းထွန်စက် (၆)စီး၊ တီဗွီ (၆)လုံး ၊ (၆)ပေစလောင်း (၁)လုံး၊ စပါးတင်း (၂၇၀၀)ခန့် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၁၃၄၉)သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့၍၊ ဒဏ်ရာရသူ အနည်းငယ်သာရှိပြီး ၊ သေဆုံးသူ မရှိကြောင်း သိရသည်။
ကျေးရွာတွင် အိမ်ထောင်စု (၇၀)စု မှ မီးဘေးသင့် အိမ်ထောင်စု (၆၈)စု လူဦးရေ ကျား (၁၅၉) ဦး၊ မ (၁၆၄) ဦး စုစုပေါင်း (၃၂၃)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းရာ ကျေးရွာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များမှ စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးပြီး၊ ဘုန်းကြီးကျောင်းနှင့် အမကကျောင်း တို့တွင် ယာယီစခန်းများဖွင့်လှစ်ကာ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။