သက်သေများနှင့် အတူ ယနေ့ ဧပြီလ(၂၁)ရက်၊ နံနက် (၁၁)နာရီခွဲက ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာ အနီးတွင် ယာဉ်များကို ရှောင်တခင် ရပ်တန့် ရှာဖွှေစစ်ဆေးနေစဉ် ဘိန်းစိမ်းများအား တရားခံနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမှ မိုင်းဖြတ်သို့ ကျိုင်းတုံမြို့နယ် ၊ ပန်မတ်ကျေးရွာအုပ်စု၊ နမ့်ပူ ကျေးရွာနေ မောင်လော်xx မောင်းနှင်လာသည့် အပြာရောင်ဆိုင်ကယ် ရင်ဘို - ၁၂၅ အမျိုးအစား အား အဆိုပါ ပူးပေါင်းအဖွဲ့မှ မသင်္ကာ၍ ရပ်တန့်ရှာဖွေရာ ဆိုင်ကယ် ကိုယ်ထည်အတွင်းမှ ဘိန်းစိမ်း(၃.၉)ကီလိုဂရမ် ကာလတန်ဖိုးငွေ ကျပ်(၃၉)သိန်းခန့် ကိုလည်းကောင်း၊ ယင်းကျေးရွာနေ ယာဉ်မောင်း မောင်လီxx မောင်းနှင်လာသည့် အစိမ်းရောင်ဟွန်ဒါဝေ့ဖ်-၁၁၀ အမျိုးအစားအား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်ကိုယ်ထည်အတွင်းမှ ဘိန်းစိမ်း(၄.၄)ကီလိုဂရမ်၊ ကာလတန်ဖိုးငွေကျပ် (၄၄)သိန်းခန့် ကိုလည်းကောင်း ၊ စုစုပေါင်း ငွေကျပ်(၈၃)သိန်းခန့် တန်ဖိုးရှိ ဘိန်းစိမ်းများကို သက်သေများ၏ ရှေ့တွင် ဖမ်းဆီးရမိ၍ သိမ်းဆည်းခဲ့ကြသည်။
မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အဆိုပါ တရားခံများဖြစ်သော မောင်လော်xxအား မိုင်းဖြတ်မြို့မရဲစခန်းမှ မယ(ပ)၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် လည်းကောင်း၊ မောင်လီxxxအား မိုင်းဖြတ်မြို့မရဲစခန်းမှ မယ(ပ)၅/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။