ယခု ဧပြီလတွင် ဖုန်းကဒ်လာရောက်လျှောက်ထားကြသူများနှင့် ဖုန်းကဒ်မဲမပေါက်ပဲ ကျန်ရှိနေသည့် လျှောက်လွှာများ အပါအ၀င် လျှောက်လွှာစုစုပေါင်း (၉၀၀၀)နီးပါးရှိသည်ဖြစ်သော်လည်း ယခုလအတွက် ခွဲဝေပေးလာသည့် အရေအတွက်မှ GSM ဖုန်းကဒ် (၃၀၀)ကဒ်သာ ခွဲဝေပေးလာကြောင်း သိရသည်။
ယခုလ ဖုန်းကဒ်ပေါက်မဲများစာရင်းကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးအသီးသီး တွင် ကြော်ငြာထားမှာဖြစ်ပြီး တာချီလိတ်အွန်လိုင်းတွင်လည်း ဖော်ပြပေးသွားမှာဖြစ်ပါသည်။ ဖုန်းကဒ်မဲပေါက်သူများအနေဖြင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက်မှ စ၍ ထုတ်ယူနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။