ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် တော်ကော့(အတွင်း)ရပ်ကွက်တွင် ကျပ်သိန်းပေါင်း (၄၀၀၀)ခန့်တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများကို ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၂၇)ရက် မွန်းလွဲ(၁း၁၅)မိနစ် အချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသူ အိမ်ရှင်ဖြစ်သူ အသက် (၃၅)နှစ်အရွယ် ဒေါ်xxxဟူ အပါအ၀င် အဆိုပါ တရားခံ (၅)ဦးတို့အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၆၅/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]