လယ်/ထက်အဆင့် ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် မွမ်းမံသင်တန်းတွင် ရှမ်းရှေ့ ၁၁ မြို့မှ တက်ရောက် သင်ယူ

လယ်/ထက်အဆင့် ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် မွမ်းမံသင်တန်းတွင် ရှမ်းရှေ့ ၁၁ မြို့မှ တက်ရောက် သင်ယူ
မေ 3, 2014
By Tachileik News Agency

တာချီလိတ်မြို့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှ မြို့(၁၁)မြို့နယ်ရှိ သင်တန်းသား၊ သင်တန်းသူ ဆရာ/မ (၉၉)ဦးကို သင်ကြားပို့ချပေးမည့် အလယ်တန်း၊ အထက်တန်းအဆင့် ( G.9,10,11) ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်မွမ်းမံသင်တန်းကို ၂၀၁၄ခုနှစ် မေလ(၂)ရက် နံနက်(၈)နာရီအချိန်က တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို မြန်မာနိုင်ငံစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ နည်းပြဆရာ(၆)ဦး နှင့် ကြီးကြပ်ဆရာ (၃)ဦးတို့ဖြင့် သင်တန်းကို  နံနက် (၈)နာရီမှ နေ့လည်(၁၂)နာရီထိ တစ်ချိန်၊ မွန်းလွှဲပိုင်း(၁)နာရီမှ ညနေ(၄း၃၀)ထိတစ်ချိန် နှင့် ညပိုင်းအချိန်အဖြစ် ည(၆)နာရီမှ ည(၈)နာရီထိတစ်ချိန် စုစုပေါင်း တစ်နေ့ကို (၃)ချိန် သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းကာလကို မေလ(၂)ရက်နေ့မှ မေလ(၆)ရက်နေ့ထိ စုစုပေါင်း (၅)ရက် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ သင်တန်းနှင့်ပတ်သက်၍ "သင်ကြားသင်ယူမှုနည်းစနစ်ကတော့ ဆရာဗဟိုပြု(T.C.A) မဟုတ်ဘဲ ကလေးဗဟိုပြု (C.C.A) ပုံစံနဲ့ သွားမှာပါ။ အင်မတန်ကောင်းတဲ့ပုံစံပါ။ ဆရာကချည်း(Lecturer) ပုံစံနဲ့မသွားဘဲ ကလေးရဲ့စဉ်းစားဥာဏ်၊ အတွေးအခေါ်၊ အယူအဆတွေကို ဆွဲထုတ်ဖွင့်ပေးပြီး Topic တစ်ခုရဲ့ ရည်ရွယ်ချက်(Concept) ရောက်အောင် ဆွဲခေါ်ပို့ချဆွေးနွေးသွားမှာဖြစ်ပါတယ်"ဟု အ.ထ.က(ဆန်ဆိုင်း)ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်မှ ရှင်းပြသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~