တာချီလိတ်၌ ကျပ်သိန်း ၅၀ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိ

တာချီလိတ်၌ ကျပ်သိန်း ၅၀ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိ
မေ 4, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယနေ့ ၂၀၁၄ခုနှစ် မေလ(၄)ရက် မွန်းလွဲ (၃)နာရီအချိန်က ကာလတန်ဖိုးငွေ ကျပ်သိန်း(၅၀)ခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား အပြား(၂၀၀၀)ကို တရားခံနှစ်ဦးနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် ယာဉ်သွားယာဉ်လာများအား စစ်ဆေးမှုများပြုလုပ်နေစဉ်မှာ တာလေဘက်မှ တာချီလိတ်ဘက်သို့ ဦးမင်းxxx မောင်းနှင်ပြီး ဦးရှဲန်xxxလိုက်ပါလာသည့် Vigo အမျိုးအစား မော်တော်ယာဉ်အား မသင်္ကာ၍ ရပ်တန့်ရှာဖွေစစ်ဆေးရာ ကားအတွင်း၌ DIESEN အမှတ်တံဆိပ်ပါသည့် ဘေးတိုက်လွယ်အိတ်အတွင်း ထည့်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁)ထုတ်လျင် (၂၀၀)ပြားစီပါသည့် (၁၀)ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၂၀၀၀)ပြားကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ရှာဖွေတွေ့ရှိရသော စိတ်ကြွဆေးပြား၏ ကာလတန်ဖိုးမှာ ကျပ်သိန်း(၅၀)ခန့်ရှိပြီး အလေးချိန်အားဖြင့် (၂၀၀)ဂရမ်ရှိကြောင်း နှင့် မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အဆိုပါ တရားခံနှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၆၈/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~