ပြည်သူတို့၏ လူမှုစီးပွားဖံွ့ဖြိုး တိုးတက်စေရေးတို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများကို မူဝါဒများချမှတ်၍ ပြည်သူတို့နှင့်အတူ လက်တွဲ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ နှင့်အတူ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့် ရှမ်းပြည်နယ် တာချီ လိတ်မြို့ ကျောက်စိမ်းကန် မွေးမြူရေးခြံမှ ဒေါ်နီနီစိုးသည် မွေးမြူထုတ်လုပ်မှုလုပ်ငန်းကို လူပုဂ္ဂိုလ် တစ်ဦးအနေဖြင့် ကိုယ်ရောစိတ်ပါ ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် ဒေါ်နီနီစိုးအား မွေးမြူထုတ်လုပ်မှု ထူးချွန်လူပုဂ္ဂိုလ် အဖြစ် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ကို မေလ (၃)ရက်နေ့နံနက်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲတွင် တာချီလိတ်မြို့ ဂုဏ်ဆောင်များအဖြစ် ကျောက်စိမ်းကန် မွေးမြူရေးခြံမှ ဒေါ်နီနီစိုးသည် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် ပေးအပ်ချီးမြှင့်ရာတွင် ပါဝင်သလို နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"သည်လည်း နိုင်ငံတော်သမ္မတမှ ဂုဏ်ထူးဆောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းကို ခံရကြောင်း သိရှိရသည်။