ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့ကျေးရွာရှိ ဒေါ်ဘူးxxx၏ နေအိမ်အား မူးယစ်ဆေးဝါးများကို လက်လီရောင်းချနေကြောင်း သတင်းရရှိသည့်အတွက် ၀င်ရောက်ရှာဖွေကြရာ အိမ်ရှင်ဖြစ်သူ ဒေါ်ဘူးxxxနှင့်အတူ မောင်ဗိုက်ပူအား အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေ စစ်ဆေးရာ ဒေါ်ဘူးxxxx ထံမှ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၅၇၀)ပြား ကို ရှာဖွေတွေ့ရှိရပြီး မောင်ဗိုက်ပူထံ ဆက်လက်ရှာဖွေရာ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၅)ပြားတို့ကို တွေ့ရှိရသည့်အတွက် အဆိုပါ တရားခံ နှစ်ဦးအား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၆၉/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
တဆက်တည်းမှာပင် အဆိုပါ နံနက် (၉း၁၅)နာရီအချိန်က ပါကွေ့ကျေးရွာထဲရှိ ဦးလောင်xx၏ နေအိမ်မှ စိတ်ကြွဆေးပြား (၈)ပြားကို ရှာဖွေရရှိခဲ့သည့်အတွက် အသက်(၄၁)အရွယ်ရှိ ဦလောင်xxxအား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၇၀/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ပ)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။