လာမည့် ၂၀၁၄ခုနှစ် မေလ(၁၃)ရက် ကဆုန်လပြည့်နေ့တွင် တာချီလိတ်မြို့ရွှေတိဂုံစေတီတော်မြတ်ကြီး၏ "ပဉ္စမအကြိမ်မြောက်" ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းလှူ ပူဇော်ပွဲကို နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ရွှေတိဂုံစေတီ ကုန်းတော်ပေါ်တွင် ကဆုန်ညောင်ရေသွန်းလောင်းပွဲအဖြစ် ပြုလုပ် ကျင်းပလာခဲ့သည်မှာ ယခု ပြုလုပ်ကျင်းပမည့် အကြိမ်အပါအ၀င် (၅)ကြိမ်မြောက် ဖြစ်ရာ အဆိုပါ နေ့တွင် နံနက်(၆)နာရီအချိန်တွင် ဆရာတော်ကြီးများအား ရွှေတိဂုံစေတီတော် ဓမ္မာရုံ၌ ဆွမ်းကပ်လှူခြင်း၊ တရားတော်နာယူခြင်းနှင့် နံနက် (၉)နာရီအချိန်တွင် ညောင်ရေသွန်းလောင်းလှူခြင်းတို့ကို ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရှိရသည်။
ထို့အတူပင် တာချီလိတ်၌ ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲအား ကျင်းပလာခဲ့သည်မှာ (၃၉)နှစ်ရှိပြီဖြစ်သော ငွေတောင်ဦးကမ္မဋ္ဌာန်ကျောင်းတိုက်၊ ငွေတော်ဦးကုန်းတော်ပေါ်တွင်လည်း ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲနှင့် ရဟန်းသံဃာနှင့်သီလရှင် စုစုပေါင်း အပါး(၁၆၈)ပါးတို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။