တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်(၁)လမ်းတွင် ၂၀၁၄ခုနှစ် မေလ(၁၇)ရက် ည(၇း၂၅)နာရီအချိန်ခန့်က ဖယောင်းတိုင်မီးမှတဆင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ တန်ဖိုးငွေ ကျပ် (၅၀၀၀၀)ခန့် ရှိသည့် အိမ်သုံးပစ္စည်းများ မီးလောင်ကျွမ်းသွားကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ပုန်းထွန်ရပ်ကွက်(၁)လမ်းရှိ အိမ်ရှင် ဦးထွန်းရီ၏ နေအိမ်ဖြစ်သည့် (၃)ထပ်အဆောက်အဦ ခေါင်းမိုးထပ်မှ အလျား (၁၀)ပေ နှင့် အနံ (၈)ပေရှိသော အိပ်ခန်းအတွင်းမှာ ဖယောင်းတိုင်မီးထွန်းထားရာမှ မွေ့ယာပေါ်ပြုတ်ကျကာ မီးလောင်ကျွမ်းမှုဖြစ်ပွားတာဖြစ်ပြီး ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် မွေ့ယာ၊ စောင်၊ စားပွဲနှင့်အိမ်သုံးပစ္စည်းအနည်းငယ် ပါသွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ် မီးသတ်ဦးစီးရာအရှိ ဦးအောင်ကျော်နိုင် ဦးဆောင်သည့် သန္ဓေမီးသတ်ဖွဲ့ဝင် (၁၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦးနှင့် မီးငြိမ်းသတ်ယာဉ်(၃)စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ကြပြီး မီးပေါ့ဆသူ အိမ်ရှင်အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၁၀၁/၂၀၁၄၊ ပုဒ်မ(၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။