ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက်၊ အမှတ်(၉) ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ( မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့ ) "တော်ဝင်" အားကစား နှင့် မိတ္တူ ဆိုင်တွင် နေထိုင်သူ မြေး (၇)ဦးနှင့် မြစ်(၂)ဦးရှိ အသက်(၈၉)နှစ်အရွယ် အဖွား ဒေါ်နန်းဖောင်းသည် ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၉)ရက် ညနေ(၄း၃၅)နာရီအချိန်က (၉၆)ပါးသော ရောဂါဖြင့် ကွယ်လွန်သွားသည်ဖြစ်ရာ သေဆုံးသူ၏ ရုပ်အလောင်းအား ကျန်ရစ်သူ မိသားစုနှင့်အတူ မြို့မသုဿန်သို့ ပို့ဆောင်သဂြုင်္ိဟ်ပေးနိုင်ရန်နှင့် ရပ်နီး ရပ်ဝေးမှ ၎င်း၏ မိတ်ဆွေများ သိရှိနိုင်စေရန်အတွက် တာချီလိတ်အွန်လိုင်းမှ နာရေးကြော်ငြာအဖြစ် ဖော်ပြပေးလိုက်ပါသည်။
ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၉)ရက် ညနေ(၄း၃၅)နာရီအချိန်က ကွယ်လွန်သွားသူ အဖွားဒေါ်နန်းဖောင်းသည် ကျိုင်းတုံမြို့ အမှတ်(၆) လေယာဉ်ကွင်းလမ်းနေ ( ဦးစိုင်းဆမ်တစ်ဖျားလွေ) + ( ဒေါ်နန်းပင်း)တို့၏ သမီးကြီးဖြစ်ပြီး၊ (ဦးစိုင်းဆိုင်ဖျားလိုက်)၏ ဇနီး၊ ဦးစိုင်းစံညွှန့် + ( ဒေါ်နန်းဟွမ်နွန်း )၊ တာချီလိတ်မြို့ အမှတ်(၉) တာလော့ရပ် "တော်ဝင်" အားကစား နှင့် မိတ္တူဆိုင်နေ ဦးစိုင်းဆိုင်တွီ + ဒေါ်နန်းဝိုးတစ်၊ ( ဒေါ်နန်းခမ်းဟွမ်) ၊ ဦးဆန်နီ + ဒေါ်နန်းဖောင်းကျောက်ဆိုင်၊ Dr.မြင့်အောင် + ဒေါ်နန်းနစ်တို့၏ ချစ်လှစွာသော မိခင်ဖြစ်ပါသည်။
ကျန်ရစ်သည့် ရုပ်အလောင်းအား ၂၀၁၄ခုနှစ် မေလ(၂၁)ရက်နေ့ မွန်းလွှဲ(၁)နာရီအချိန်တွင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ မြို့မသုဿန်သို့ ပို့ဆောင်သဂြုင်္ိဟ်မှာဖြစ်ပြီး ၂၀၁၄ခုနှစ် မေလ(၂၆)ရက်နေ့တွင် ရက်လည်ဆွမ်းကပ်၍ တရားတော်နာမှုကို အဆိုပါ နေအိမ်တွင် ပြုလုပ်မှာဖြစ်ကြောင်း သိရှိရသည်။