မြစိမ်းရောင်စီမံကိန်း တာချီလိတ်မြို့ ပါတောင်းကျေးရွာ၌ မတည်ငွေပေး

မြစိမ်းရောင်စီမံကိန်း တာချီလိတ်မြို့ ပါတောင်းကျေးရွာ၌ မတည်ငွေပေး
မေ 23, 2014
By Tachileik News Agency

ကျေးလက်ဒေသနေပြည်သူများ၏ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း
များ ပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရမှ နှစ်တိုနှစ်ရှည်စီမံကိန်းများ ရေးဆွဲအကောင်
အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး
ဌာနမှ ဆောင်ရွက်လျှက်ရှိသည့် မြစိမ်းရောင်စီမံကိန်းရှင်းလင်းပွဲနှင့် အရင်းမပျောက်မတည်ငွေ
ပေးအပ်ပွဲအား ၂၀၁၄ခုနှစ် မေလ (၂၂)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင် မိုင်းဖုန်း(ခ)အုပ်စု ပါတောင်းကျေးရွာတွင် ကျင်းပပြုလုပ်ရာ ကျေးလက်အထောက်အကူပြုကော်မတီဝင်များ၊ ဒေသခံ
ရှမ်း နှင့် ပလောင် တိုင်းရင်းသားများတက်ရောက်ကြသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်း ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေ တို့မှ မြစိမ်းရောင်စီမံကိန်း၏ ရည်ရွယ်ချက်နှင့် အနှစ်သာရများ ၊ အရင်းမပျောက်မတည်ငွေဖြင့် ကျေး
လက်ဒေသနေ ပြည်သူများ၏ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာ၏ အခြေခံအဆောက်အဦများ
လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် ရည်မှန်းချက်များအား ရှင်းလင်းပြော
ကြားရာ ဒေသခံပြည်သူများမှ သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ဦးအိုက်အွတ် ဥက္ကဌ အဖြစ်ဆောင်ရွက်သည့် အမှုဆောင် (၇) ဦးပါ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်ချေးငွေကြီးကြပ်မှုကော်မတီအား ဒေသခံပြည်သူများမှ မဲစနစ်ဖြင့် ရွေးချယ်
ဖွဲ့စည်းပေးကြသည်။

ပါတောင်းကျေးရွာတွင် ရှမ်းနှင့် ပလောင်တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြကာ အိမ်ခြေ ၉၆အိမ် ၊ လူဦးရေ (၃၉၀)ကျော်ရှိပြီး လယ်ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျှက်ရှိပြီး အဆိုပါ မြစိမ်းရောင်စီမံကိန်းမှ ပါတောင်းကျေးရွာအတွက် အရင်းမပျောက်ချေးငွေ ကျပ်သိန်း (၃၀၀)ရရှိမည်ဖြစ်ကာ ကြီးကြပ်မှုကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ကျေးရွာ၊သူကျေးရွာသားများ၏ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေများထုတ်ပေးသွားမည်ဖြစ်ကာ ရရှိသော အတိုးဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။   ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~