ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ ကိုးသောင်းကိုးထောင် ရွှေလင်းကြည်ဂူတောရ ကမ္မဌာန်းကျောင်းတွင် မိုင်းလင်းဆရာတော်ဘုရားကြီး သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလမှ ကြီးမှူး၍ စေတနာရှင် အလှူရှင်များဖြင့် စုပေါင်းကာ "သီရိမင်္ဂလာပါရမီစေတီတော်မြတ်ကြီး"အား တည်ထားကိုးကွယ်မည်ဖြစ်ရာ စေတနာရှင် အလှူရှင်များ အနေဖြင့် အခွင့်အခါကြုံခိုက်၌ ပါဝင်၍ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း နှင့် အဆိုပါ စေတီတော်ကြီးအား တည်ထားမှုပြီးစီးသွားပါက တာချီလိတ်မြို့၏ ဥာဏ်တော်အမြင့်ဆုံး စေတီတော်ဖြစ်ကြောင်း သိရသည်။
စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရန်အတွက် ကုန်ကျမှုများအနေဖြင့် သဲကြမ်း အစီး (၁)သောင်းခန့်၊ ကျောက်ကြီး အစီး(၁)သောင်းခန့်၊ ဘိလပ်မြေ အိတ်ပေါင်း (၁)သိန်းခန့် နှင့် အုတ်နီခဲ (၂)သိန်းခန့် ကုန်ကျမည်ဖြစ်သည့်အတွက် ပါဝင်ကုသိုလ်ယူလိုသူ ခုနှစ်ရက်သားသမီးများအနေဖြင့် ပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ရာ မိမိတို့တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းနိုင်ရန်အတွက် ပစ္စည်းတန်ဖိုးများကို ဖော်ပြပေးလိုက်ပါသည်။
၁ ။ ။ သဲကြမ်း (၁)စီး = ၉၀၀ ဘတ်
၂ ။ ။ ကျောက်ကြီး (၁)စီး = ၁၃၀၀ ဘတ်
၃ ။ ။ ဘိလပ်မြေ (၁)အိတ် = ၁၂၀ ဘတ်
၎ ။ ။ အုတ်နီခဲ (၁)လုံး = ၂ဘတ် ၆၀ ပြား
မိမိတို့ တက်အားသရွေ့ ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုသည့်အခါ ကိုးသောင်းကိုးထောင် ရွှေလင်းကြည်ဂူတောရ ကမ္မဌာန်းကျောင်း၌ သွားရောက် လှူဒါန်းနိုင်မှာဖြစ်ပြီး အောက်ပါ ဆက်သွယ်ရန် လိပ်စာနှင့်ဖုန်းနံပါတ်များမှ တဆင့်လည်း ဆက်သွယ်၍ လှူဒါန်းနိုင်မှာ ဖြစ်ပါသည်။
ကိုးသောင်းကိုးထောင် ရွှေလင်းကြည်ဂူတောရ ကမ္မဌာန်းကျောင်း
အရှင်ခေမာဝံသ
မြန်မာဖုန်း။ ။ 09-36175180
ဦးစိုင်းရီတစ်
မြန်မာဖုန်း။ ။ 09-49036131၊ 09-49036131၊ 09-5240939
စိုင်းရွက် ( အိမ်ဆောက်ပစ္စည်းဆိုင် )
မြန်မာဖုန်း ။ ။ 084-51586
ထိုင်းဖုန်း ။ ။ 081-8811581၊ 089-9607602
တာချီလိတ်မြို့။
ဦးဆန်းလွင်
မြန်မာဖုန်း ။ ။ 09-36123470
ထိုင်းဖုန်း ။ ။ 081-9981794
မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့။
ဦးမြင့်မောင် ( ပြည်ဟိန်းထွန်းဝပ်ရှော့ )
မြန်မာဖုန်း ။ ။ 09-428211890
ထိုင်းဖုန်း ။ ။ 089-8556197
ဆက်စပ်သတင်း