မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၄)ကြိမ်မြောက်နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ ဆုံးဖြတ်ချက် ၊ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲအား ယနေ့ မေလ (၂၈)ရက် နံနက် ၁၀နာရီအချိန်က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး
ခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ တာချီလိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်မှ ဆုံးဖြတ်ချက် ၊လမ်းညွှန်မှာကြားချက်များ အား ထပ်ဆင့်ရှင်းလင်းပါသည်။
ထို့နောက် တာချီလိတ် ၊ မိုင်းယောင်း ၊ မိုင်းဖြတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကာ ခရိုင်ကြီးကြပ်မှုကော်မတီဥက္ကဌမှ လိုအပ်ချက်များအား ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။