တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"သည် နာရေးကူညီမှုများနှင့် ပတ်သက်၍ မီးသဂြုင်္ိဟ်စက် နှစ်လုံးကို ဆောက်လုပ်၍ လှူဒါန်းမှု ပြုလုပ်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်တော်မူလျက်ရှိရာ ထိုသို့ ဆောက်လုပ်လှူဒါန်းရာတွင် တာချီလိတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများနှင့် စေတနာရှင်ပြည်သူများမှ ပါဝင်လှူဒါန်းလျှက်ရှိကြောင်း သိရသည်။
ထိုသို့ စေတနာရှင်များမှ ပါဝင်ကုသိုလ်ယူ လှူဒါန်းသည့် အလှူငွေများကို ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၀)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ဇနီး ဒေါ်ရွှေမိုးသူဇာ အပါအ၀င် ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင်တို့မှ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးထံ အဆိုပါ အလှူငွေများကို သွားရောက် အပ်နှံလှူဒါန်းခဲ့ကြသည်။
အဆိုပါ အလှူငွေများသည် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဖန်မင်ကျေးရွာအုပ်စုနှင့် မိုင်းကိုးကျေးရွာအုပ်စုတို့မှ စေတနာရှင်တိုင်းရင်းသားများမှ ပါဝင်ကုသိုလ်ယူ လှူဒါန်းထားကြတာဖြစ်ပြီး ၎င်းတို့၏ လှူဒါန်းမှုတွင် (၄၄၀၀၀)ကျပ် နှင့် ထိုင်းဘတ်ငွေ (၁၂၀၁၀၀) ဘတ် ရှိကြောင်း သိရသည်။