တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားပင်စင်လစာများအား e-Pension Card ဖြင့် လွယ်ကူလျင်မြန်စွာ ထုတ်ပေးလျက်ရှိ

တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားပင်စင်လစာများအား e-Pension Card ဖြင့် လွယ်ကူလျင်မြန်စွာ ထုတ်ပေးလျက်ရှိ
ဇွန် 18, 2014
By Tachileik News Agency

နိုင်ငံတော်အစိုးရမှ ၂၀၁၄ခုနှစ်၊ ဧပြီလမတိုင်မီ ပင်စင်ခံစားလျက်ရှိသော နိုင်ငံဝန်ထမ်း အငြိမ်းစား များ၏ ပင်စင်လစာကို လက်ရှိပင်စင်လစာအပြင် ၀န်ထမ်းများကို တိုးမြှင့်ခွင့်ပြုသော လစာကျပ်နှစ်သောင်း အပေါ်တည်ဆဲပင်စင် နည်းဥပဒေနှင့်အညီ တွက်ချက်၍ ၂၀၁၄ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့သည်။

 မြန်မာ့စီးပွားရေးဘဏ်၊ တာချီလိတ် မှ ပင်စင်လစာထုတ်ယူနေသော အငြိမ်းစားဝန်ထမ်းများအား ၂၀၁၄ခုနှစ်၊ ဧပြီလမှစ၍ လစဉ် နိုင်ငံတော်မှ တိုးမြှင့်ပေးသော တိုးမြှင့်ပင်စင်လစာများကို e-Pension Cardဖြင့် လွယ်ကူလျင်မြန်စွာထုတ်ပေးလျက်ရှိကြောင်းသိရသည်။

e-Pension Cardဖြင့် ပင်စင်လစာငွေများထုတ်ပေးခြင်းနှင့်ပတ်သက်ပြီး လက်ထောက်မန်နေဂျာ ဒေါ်သိင်္ဂီက ရှင်းလင်းပြောကြားရာတွင် “တာချီလိတ်မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူသူ (၁၁၃၃)ဦး ရှိ ကြောင်း၊ ရုံးချုပ်မှ e-Pension Card ၁၀၃၆ ကတ် ရရှိပြီဖြစ် ကြောင်း၊ ပင်စင်စား (၉၉၆)ဦးထုတ်ပေး ထားပြီဖြစ်ကြောင်း၊ ယင်း အီးပင်စင်ကတ်ဖြင့်တိုးမြှင့်လစာငွေများကို ကွန်ပျူတာစနစ်ဖြင့် ပင်စင်ထုတ်ယူသူများသို့ လွယ်ကူလျင်မြန်စွာ ထုတ်ပေးလျက်ရှိကြောင်း” ပြောကြားသည်။

သတင်း။  ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~