တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး MobileTeam စီမံချက်သည် ကုန်ပစ္စည်းများအား ဖမ်းဆီးခြင်းမဟုတ်ပဲ ပညာပေး သဘောသာဖြစ်

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး MobileTeam စီမံချက်သည် ကုန်ပစ္စည်းများအား ဖမ်းဆီးခြင်းမဟုတ်ပဲ ပညာပေး သဘောသာဖြစ်
ဇွန် 27, 2014
By Tachileik News Agency

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူ
ရေးရာဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိသော တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး (Mobile
Team ) လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက် အားနည်းချက်များ ဆွေး
နွေးညှိနှိုင်းပွဲအား ယနေ့ဇွန်လ (၂၇)ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့ ကုန်သည်ကြီးများအသင်းရုံးတွင်
ကျင်းပပြုလုပ်ရာ တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီအတွင်းရေးမှူး
ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး ၊
အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင် ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ Mobile Team အဖွဲ့ဝင်များ ၊ ကုန်သည်များ၊ သယ်ယူ
ပို့ဆောင်ရေးယာဉ်လိုင်း အသီးသီးမှတာဝန်ခံများ ၊ သတင်းမီဒီယာများတက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟို ကော်မတီ
အတွင်းရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများမှ ကုန်သွယ်မှုလုပ်
ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ ၊ ဖြေလျှော့ပေးရန်ဆောင်ရွက်ရမည့်
အချက်များအားလည်းကောင်း ၊ Mobile Team အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့
ကြုံရသည့် အားသာချက် အားနည်းချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရာ ဗဟို
ကော်မတီအတွင်းရေးမှူးမှ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်မှုစခန်း (မယ်ယန်း)အား အခြေပြုလျှက် တာချီလိတ်နယ်စပ်
ကုန်သွယ်ရေးဧရိယာအတွင်းရှိ မယ်ယန်း ၊ လွယ်တော်ခမ်း ၊ ဟွေရဲ ၊ ဝှေလေလန် စသည့် စစ်ဆေးရေးဂိတ်အသီးသီးတွင် ဇွန်လ (၂၄)ရက်နေ့မှစတင်ကာ ကုန်သွယ်မှုလျာထားချက်ပြည့်မီရေး၊ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ၊ စားသုံးသူအကာအကွယ်ပေးရေး ၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများပြည့်ဝစွာရရှိရေးဟူသည့် ရည်ရွယ်ချက်များဖြင့် Mobile Team လုပ်ငန်းများအား စတင်ဆောင်ရွက်နေပြီဖြစ်ရာ ပညာပေးကာလအဖြစ် ဇူလိုင်လကုန်အထိ
သတ်မှတ်ထားရှိကာဆောင်ရွက်လျှက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျှက်ရှိရာတွင် ယနေ့အချိန်အထိ ဖမ်းဆီးအရေးယူခြင်း၊ ဒဏ်ငွေ တပ်ရိုက်ခြင်းများအား လုံးဝမဆောင်ရွက်သေးပဲ တရားဝင်ကုန်သွယ်မှုပြုခြင်း၏ အကျိုးကျေးဇူးများအား တာဝန်ရှိသူများမှ အသိပညာပေး ဆောင်ရွက်မှုလုပ်ငန်းများကိုသာ ဆောင်ရွက်လျှက် ရှိသော်လည်း အချို့သောစီးပွားရေးသမားများမှ Mobile Team လုပ်ငန်းများ၏ ရည်ရွယ်ချက်များအားမှေးမှိန်စေရန် ၊ ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ကုန်ဈေးနှုန်း အချို့အား မြှင့်တင်လျှက်ရှိရာ စားသုံးသူများအနေဖြင့် ဈေးကွက်အတွင်းကုန်ဈေးနှုန်းအချို့မြင့် တက်သောအနေအထားဖြင့် တွေ့ကြုံရလျှက်ရှိကြောင်း သိရှိရပါသည်။

သတင်း။  ။ မောင်ယဉ်ကျေး
ဓါတ်ပုံ။  ။  လင်းလင်း

ပုံများကိုကြည့်ရန်
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး MobileTeam စီမံချက်သည် ကု

21 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~