တာချီလိတ်မြို့တွင် မိဘမဲ့ ကလေးသူငယ်များနှင့် မရှိနွမ်းပါး ကလေးသူငယ်များကို လက်ခံ၍ ပညာသင်ကြားပေးပြီး၊ ကျွေးမွေးပြုစုစောင့်ရှောက်ပေးနေသော ဘ/ကကျောင်း (၆)ကျောင်းအနက် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာရှိ ပရဟိတအောင်မင်္ဂလာတောရကျောင်းတွင် အဆိုပါ ကလေးသူငယ် ယောက်(၈၀)ကျော်ကို ယနေ့ ဇွန်လ(၂၈)ရက်တွင် တာချီလိတ်မြို့ရှိ အလှပြင်ဆိုင်နှင့် မယ်ဆိုင်မြို့ရှိ အလှပြင်ဆိုင်တို့မှ သူငယ်ချင်းတစ်စုတို့လာရောက်၍ ကုသိုလ်အဖြစ် အခမဲ့ ဆံပင်ညှပ်ပေးမှုများကို ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆံပင်ညှပ်ပေးရာတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဆမ်လောဝ်ကားဂိတ်အနီးတွင် ဖွင့်လှစ်ထားသော "နန်းလှ"အလှပြင်ဆိုင် နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မဈေးအနောက်ဖက်တွင် ဖွင့်လှစ်ထားသော "Christ salon"ဆိုင်မှ စုစုပေါင်း ဆံကေသာအလှပြင်ဆရာမ (၇)ဦးတို့မှ လာရောက်ပြီး ကုသိုလ်အဖြစ် အခမဲ့ ဆံပင်ညှပ်ပေးကြခြင်းဖြစ်သည်။
၎င်းတို့အနေဖြင့် ယခုလို ကုသိုလ်ယူသည့်အနေဖြင့် ဆံပင်ညှပ်ပေးခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး နောက်များတွင်လည်း မိဘမဲ့ဂေဟာများ နှင့် ယခုလို ဘ/ကကျောင်းများရှိ ကလေးသူငယ်များကိုလည်း ဆံပင်ညှပ်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။