မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်
ဇူလိုင် 3, 2014
By Tachileik News Agency

တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိသူများနှင့် ၂၀၁၃ - ၂၀၁၄ ခုနှစ် တာချီလိတ်စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/သူများ၊ အခြားမြို့နယ်များသို့ သွားရောက်ဖြေဆိုပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ စသည်တို့ကို ဂုဏ်ပြု ဆုချီးမြှင့်ခြင်း အခမ်းအနားအား ယနေ့ဇူလိုင်လ(၃)ရက်နေ့ နံနက်(၉)နာရီက တာချီလိတ်မြို့နယ် အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ပါဝင်သည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ပါဝင်သည့် ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော်က မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်အကြောင်းအား ရှင်းလင်းပြောကြားခဲ့ကြသည်။

မြန်မာအမျိုးသမီးများနေ့အတွက် အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းရာမှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့်  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော် အပါအ၀င် ခရိုင်/မြို့နယ်အဆင့်ရှိ တာဝန်ရှိသူများမှ လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတကြီး၏ ဂုဏ်ပြုတံဆိပ်ချီးမြှင့်ခံရသော ကျောက်စိမ်းကန် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်နီနီစိုးအား ထပ်ဆင့်ဂုဏ်ပြုတံဆိပ်ချီးမြှင့်ပြီး ဆက်လက်၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော စာစီစာကုံးပြိုင်ပွဲမှ ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

တဆက်တည်းမှာပင် ၂၀၁၃ - ၂၀၁၄ ခုနှစ် တာချီလိတ်စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/သူများ၊ အခြားမြို့နယ်များသို့ သွားရောက်ဖြေဆိုပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ဆေးကျောင်းသူ မကျော့ကျော့စံအား ပညာသင်ထောက်ပံ့ကြေးငွေ တစ်နှစ်စာအတွက် ကျပ်(၆)သိန်းကို ပေးအပ်ချီးမြှင့်ပြီး စာစီစာကုံးပြိုင်ပွဲ၌ ပြိုင်ပွဲဝင် စာစီစာကုံးများအား စစ်ဆေးပေးသည့် မြို့နယ်စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။

ထို့နောက် ဇွန်လ(၃၀)ရက်နေ့ ညပိုင်းက ပြုလုပ်ကျင်းပခဲ့သော မြန်မာ့ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲမှ ပြိုင်ပွဲဝင်များကို မိတ်ကပ်/ဆံထုံးများကို တာဝန်ယူ ကူညီပံ့ပိုးပေးခဲ့သည့် အလှပြင်ဆိုင်များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

သတင်း ။   ။ ကိုဇောင်း

ပုံများကို အပြည့်အစုံကြည့်ရန်
တာချီလိတ်မြို့မှ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၁

48 photos

တာချီလိတ်မြို့မှ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂

118 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~