နမ့်ယွန်းချောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် စည်ပင်သာယာ နှင့် မင်းခေတ်သစ် ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်

နမ့်ယွန်းချောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် စည်ပင်သာယာ နှင့် မင်းခေတ်သစ် ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်
ဇူလိုင် 7, 2014
By Tachileik News Agency

တာချီလိတ်မြို့ပေါ် ချောင်းတစ်ချောင်းဖြစ်သော နမ့်ယွန်းချောင်းသည် မိုးတွင်းအခါ ရေကြီးရေလျှံမှုများ  ဖြစ်လေ့ရှိသည့်အတွက် မိုးများရွာသွန်းသည့်အခါမှာ ရေစီးရေလာ ကောင်းမွန်စေရေးကို အလေးထား ဆောင်ရွက်သည့်အနေဖြင့်  တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနနှင့် မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီတို့မှ ဇူလိုင်လ ပထမအပတ် အစက နမ့်ယွန်းချောင်းတစ်လျှောက် ကွင်းဆင်းလေ့လာပြီး တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီနှင့် ချောင်းအတွင်း နွံနှင့်အမှိုက်များ ဆယ်ယူနိုင်ရေးအတွက် ညှိနှိုင်းခဲ့ကြသည်။

( ယနေ့ ဇူလိုင်(၇)ရက်တွင် ဆောင်ရွက်နေပုံ )
( ယနေ့ ဇူလိုင်(၇)ရက် ညနေခင်း ဆောင်ရွက်ပြီးပုံ )

 နမ့်ယွန်းချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက်  မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ (လက်ထောက်ညွှန်ကြားရေးမှူး ) ဦးကျော်ဇင် အပါအ၀င် စည်ပင်သာယာရေးဌာနမှ အဖွဲ့ဝင်များနှင့် အတူ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုရာတွင်  မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ (လက်ထောက်ညွှန်ကြားရေးမှူး ) ဦးကျော်ဇင် မှ အဆိုပါ ချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီ၏ တာဝန်ရှိသူများသို့ ပြန်လည်ညွှန်ကြားရာ အဆိုပါ ကုမ္ပဏီမှ နမ့်ယွန်းချောင်းအတွင်း နွံနှင့်အမှိုက်များ ရှင်းလင်းဖယ်ရှားမှုကို ဆောင်ရွက်ခဲ့ကြသည်။

ယနေ့ ဇူလိုင်လ(၇)ရက်နေ့တွင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ညွှန်ကြားမှုဖြင့် မင်းခေတ်သစ်ဆောက်လုပ်ရေးကုမ္ပဏီမှ နမ့်ယွန်းချောင်းအတွင်း နွံနှင့်အမှိုက်များ ဆယ်ယူမှုကို ဆောင်ရွက်လျက်ရှိရာ နွံနှင့်အမှိုက်များကို ချောင်းအတွင်းမှ ကားဖြင့် သယ်ယူမှုမှာ ကားအစီး (၂၀)ကျော်စာ ရှိကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~