၂၇၁၀၀ကျပ်ဖြင့် နိဗ္ဗာန်ယာဉ်များအား ယာဉ်မှတ်ပုံတင် ပြုလုပ်နိုင်ပြီ

၂၇၁၀၀ကျပ်ဖြင့် နိဗ္ဗာန်ယာဉ်များအား ယာဉ်မှတ်ပုံတင် ပြုလုပ်နိုင်ပြီ
ဇူလိုင် 8, 2014
By Tachileik News Agency

နိုင်ငံတော်မှ မကြာသေးမီကာလက မော်တော်ဆိုင်ကယ်များအား ယာဉ်မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ပြီးနောက် ယခု ဇူလိုင်လ(၇)ရက်မှစ၍ ဇူလိုင်လ(၃၁)ရက်နေ့ထိ လျှပ်စစ်မော်တော်ဆိုင်ကယ်များ၊ လျှပ်စစ် သုံးဘီးဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များနှင့် နိဗ္ဗာန်ယာဉ်များကို ယာဉ်မှတ်ပုံတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ အဆိုပါ ယာဉ်များအား ယာဉ်မှတ်ပုံတင်များ ပြုလုပ်ပေးရာတွင် နိဗ္ဗာန်ယာဉ်အဖြစ် ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးမည့် ယာဉ်အမျိုးအစားများသည် စတေရှင်ဝက်ဂွန်၊ မိုက္ကရိုဘတ်စ်၊ ပစ်ကပ်နှင့် လိုက်ထရပ်ယာဉ် စသည့် ယာဉ်အမျိုးအစားများကိုသာ ပြုလုပ်ပေးမှာ ဖြစ်ပြီး နိဗ္ဗာန်ယာဉ်တို့တွင် ရှိသင့် ထားရှိရမည့် အနေအထားများမှာ ယာဉ်၏ ရှေ့လေကာမှန်နှင့် ကိုယ်ထည် ဘေး ဘယ်၊ ညာတွင် "နိဗ္ဗာန်ယာဉ်"စာသားကို အ၀ိုင်းပုံသဏ္ဍာန်ဖြင့် ထင်ရှားစွာ ရေးသားထားရမှာဖြစ်ကြောင်း၊ ကိုယ်ထည်၏ ဘယ်ညာ နှစ်ဖက်တွင် ဘေးကာ နှင့်အလုံပိတ် ကိုယ်ထည်ထားရှိရမှာဖြစ်သည့် အပြင် ယာဉ်နောက်ပိတ်ကို အလွယ်တကူဖွင့်နိုင် ပိတ်နိုင်သော တံခါးတပ်ဆင်ထားရမှာ ဖြစ်ကြောင်း၊ ယာဉ်အတွင်းပိုင်းတွင် Dead Body ထားရှိနိုင်ရန်နှင့် အလွယ်တကူ တင်ချနိုင်ရန်အတွက် တောင့်တင်းသော ခုံ (၇ပေ x ၂ပေ) ပါရှိရမှာဖြစ်ကြောင်း နှင့် ပုဂ္ဂလိက အသင်းအဖွဲ့ပိုင် နှင့် ဘာသာရေးအသင်းအဖွဲ့ပိုင် နိဗ္ဗာန်ယာဉ်များတွင် အသင်းအဖွဲ့အမည် နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ ရေးထားရမှာဖြစ်ကြောင်း  တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ တဆင့် သိရသည်။

နိဗ္ဗာန်ယာဉ်များကို ယာဉ်မှတ်ပုံတင်ပြုလုပ်ရာတွင် ကုန်ကျမှုများအနေဖြင့်...

နိဗ္ဗာန်ယာဉ်မှတ်ပုံတင်ခကောက်ခံခြင်း

  • (၁) ကနဦး မှတ်ပုံတင်ခ  = ၉၀၀၀ ကျပ်
  • (၂) ယာဉ်စစ်ဆေးခ  =  ၄၅၀၀ ကျပ်
  • (၃) ယာဉ်မှတ်ပုံတင်စာအုပ် ( ကမ-၃) = ၅၀၀ ကျပ်
  • (၄) ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် ( အ၀ိုင်း ) = ၁၀၀၀ ကျပ်
  • (၅) Hologram ( ၃ )ခု    = ၆၀၀ ကျပ်

စုစုပေါင်း ============== ။   ။ ၁၅၆၀၀ ကျပ်

နိဗ္ဗာန်ယာဉ်မှတ်ပုံတင်လိုအပ်ချက်များ ကောက်ခံခြင်း

  • (၁) ဖောင်းကြွနံပါတ်ပြား (၁)စုံ  = ၁၀၀၀၀ ကျပ်
  • (၂) ဓါတ်ပုံ (၃) ပုံ၊ (၁)စုံ = ၁၅၀၀ ကျပ်

စုစုပေါင်း ============== ။   ။ ၁၁၅၀၀ ကျပ်

နိဗ္ဗာန်ယာဉ်များကို ယာဉ်မှတ်ပုံတင်ပြုလုပ်ရာတွင် အထက်တွင် သတ်မှတ်ထားသော အချက်အလက်များအရ ပြီးပြည့်စုံပါက One Stop Service အနေဖြင့် ပြုလုပ်ပေးသွားမှာဖြစ်ပြီး နိဗ္ဗာန်ယာဉ်၏ မှတ်ပုံတင်ကြေးအဖြစ် ကုန်ကျငွေမှာ သတ်မှတ်ထားချက်အရ စုစုပေါင်း ၂၇၁၀၀ ကျပ်သာ ကုန်ကျမှာဖြစ်ကြောင်း သိရသည်။

လိုင်စင်ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်မှာ လိုင်စင်ပြုလုပ်လိုသူ၏ မှတ်ပုံတင် မိတ္တူ(၂)စောင်နှင့် အိမ်ထောင်စုစာရင်း မိတ္တူ(၂)စောင် လိုအပ်မှာဖြစ်ပြီး အိမ်ထောင်စုစာရင်းမရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်ထောက်ခံစာ ပါရှိရမှာဖြစ်ကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~