မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ TB တိုက်ဖျက်ရေး စီမံချက်များအဖြစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး၊ ခရိုင်/မြို့နယ်အသီးသီး၊ ရပ်ကွက်/ကျေးရွာအသီးသီးတို့တွင် ဆင့်ပွား၍ ဆောင်ရွက်နေလျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၁)ရက် ညနေ(၄း၂၀)နာရီအချိန်က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အတွင်းရေးမှူးမှ TB ရောဂါနှင့် ပတ်သက်၍ ဆွေးနွေးဖလှယ်ခဲ့ကြသည်။
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး TB တာဝန်ခံ ဒေါက်တာဝေေ၀လွင်သည် တာချီလိတ်ခရိုင် အတွင်းရှိ ပြည်သူလူထု အခြေပြု TB တိုက်ဖျက်ရေး မြို့နယ်အဆင့် သင်တန်း တက်ရောက်ထားကြသည့် စေတနာ့ဝန်ထမ်းများနှင့် လာရောက်တွေ့ဆုံပြီး လုပ်ငန်း ဆောင်ရွက်ချက်များအား ဆန်းစစ်ခြင်း၊ အားသာချက်၊ အားနည်ချက်များကို သုံးသပ်ဆွေးနွေးအကြံပြုရာ တက်ရောက်လာကြသူများမှ TB ရောဂါနှင့် ပတ်သက်၍ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး TB တာဝန်ခံ ဒေါက်တာဝေေ၀လွင်၊ တာချီလိတ်ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်အေးသန္တာကျော် အပါအ၀င် ရပ်/ကျေး အဖွဲ့ ဥက္ကဌများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း (၃၅)ဦး တက်ရောက်လာကြတာကို တွေ့ရှိရသည်။