၂၀၁၄ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၃)နာရီအချိန်ခန့်က တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ထဲရှိ မြန်မာရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားပြီးနောက်မှာ ကျောက်ကြီးစီထားသော မြေထိန်းနံရံသည် နေအိမ်အခန်းငှားပေါ်ကို ပြိုကျလာပြီးနောက် ကလေး (၃)ဦးနှင့် လူကြီး(၄)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၄)ဦး ရှိခဲ့သည်။
ဇူလိုင်လ(၁၃)ရက်နေ့က ပွဲချင်းပြီးသေဆုံးသွားသည့် ဦးကျော်ဌေးလင်း(၄၀)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ရင်ရင်နု(၃၉)နှစ် နှင့် ၄င်းတို့၏ (၈)လသားအရွယ်ရှိ သား မောင်ဘုန်းမင်းခန့်၊ ဦးခင်မောင်သောင်း(၄၅)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ဝင်းစန်း(၃၅)နှစ်၊ သား မောင်ဥာဏ်လင်းအောင် (၁၂)နှစ်၊ သမီးမသဲစုအောင် (၇)နှစ်တို့၏ ရုပ်လောင်းအား ယနေ့ ဇူလိုင်လ(၁၅)ရက် မွန်းလွဲ(၁)နာရီအချိန်က သေဆုံးသူ တို့၏ ကျန်ရစ်သူမိသားစုဝင်များနှင့် အတူ တာချီလိတ်မြို့ပေါ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များ နှင့် ဒေသခံများမှ စည်ကားစွာဖြင့် တာချီလိတ်မြို့မသုဿန်သို့ လိုက်ပါ ပို့ဆောင်ကြပြီးနောက် တစ်ပြိုက်နက်တည်း မီးသဂြုင်္ိဟ်ခဲ့ကြသည်။
အသက်ဘေးမှ လွတ်မြောက်လာပြီး ထိခိုက်ဒဏ်ရာရရှိသူ အသက် (၃၉)နှစ်ရှိ ဦးအောင်ကျော်လွင်၊ အသက်(၂၇)နှစ်ရှိ ကိုမျိုးလင်းအောင်၊ အသက်(၃၇)နှစ်ရှိ ဒေါ်လဲ့လဲ့မြင့် နှင့် အသက်(၂၇)နှစ်ရှိ မစန်းစန်းမြင့်တို့ (၄)ဦးမှာ တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဆက်လက်၍ ဆေးကုသမှု ခံယူနေကြပြီး ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများမှလည်း သွားရောက်ကြည့်ရှုအားပေး ထောက်ပံ့ပေးကြတာကိုလည်း တွေ့ရှိရသည်။