အကြိမ် ၈၀ မြောက် မြန်မာ - ထိုင်း နယ်ခြားကော်မတီ မြို့နယ်အဆင့် အစည်းအဝေး မယ်ဖါ့လုံတက္ကသိုလ်၌ ကျင်းပ

အကြိမ် ၈၀ မြောက် မြန်မာ - ထိုင်း နယ်ခြားကော်မတီ မြို့နယ်အဆင့် အစည်းအဝေး မယ်ဖါ့လုံတက္ကသိုလ်၌ ကျင်းပ
ဇူလိုင် 16, 2014
By Tachileik News Agency

အကြိမ်(၈၀)မြောက် မြန်မာ-ထိုင်း နယ်ခြားကော်မတီ မြို့နယ်အဆင့် အစည်းအဝေးအား
ယနေ့ဇူလိုင် (၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ရန်အတွက် ရှေးဦးစွာ ထိုင်းနိုင်ငံ အမှတ်(၃) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး လောဝ်ခိတ်ကဏ်း ဦးဆောင်သော ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့မှ တာချီလိတ်မြို့
အမှတ်(၁)ချစ်ကြည်ရေးတံတားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့အား လာရောက်ကြိုဆိုရာ
တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်နိုင်ဦး ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများက ချစ်ခင်ရင်းနှီးစွာကြိုဆိုနှုတ်ဆက်ကြပြီး ချစ်ကြည်ရေးလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။

ထို့နောက် မြန်မာ-ထိုင်း နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် အစည်းအဝေးကျင်းပမည့်
ထိုင်းနိုင်ငံ ချိန်းရိုင်းခရိုင် Mae Fah Luang University သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာ
ခဲ့ကြကာ ဒေသစံတော်ချိန် နံနက် (၉း၃၀)အချိန်တွင် အဆိုပါ တက္ကသိုလ်ခန်းမတွင် အစည်းအဝေးအား စတင်ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက
အဖွင့်မိန့်ခွန်းများ ပြောကြားကြပြီးနောက် နယ်စပ်ကုန်သွယ်ရေးစခန်းသစ်များဖွင့်လှစ်ရေး၊
တောင့်တင်းခိုင်မာယှဉ်တွဲကျေးရွာစီမံကိန်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများအား ပူးပေါင်း
ကာကွယ်တားဆီးရေး၊ မယ်ဆိုင်ချောင်း ရေစီးရေလာကောင်းမွန်ရေး ၊ နှစ်နိုင်ငံပြည်သူများအကြား ငွေကြေးစီးဆင်းဖလှယ်မှုများ ၊ အကျင့်ပျက်ဝန်ထမ်းအချို့မှ မြန်မာနိုင်ငံသားများအပေါ် ဥပဒေမဲ့ပြုမှုနေမှုများအပေါ် တားဆီးရေးဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ညှိနှိုင်းကြကာ အစည်းအဝေးအား ဒေသစံတော်ချိန် (၁၁း၃၀)အချိန်တွင်ရုပ်သိမ်းလိုက်ပြီး
ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံကြသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချိန်းရိုင်းမြို့ရှိ ၀ပ်ဖကျောက်ဘုရားအား ဖူးမျှော်ကြည်ညိုကြကာ ယဉ်ကျေးမှုတံတား နှင့် စင်ထရယ်ပလာဇာတို့အား လှည့်လည်ကြည့်
ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

သတင်း။   ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~