တာချီလိတ်၌ ကျင်းပပြုလုပ်မည့် (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်

တာချီလိတ်၌ ကျင်းပပြုလုပ်မည့် (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်
ဇူလိုင် 17, 2014
By Tachileik News Agency
(၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်

အစီအစဉ် (၁) ။ ။ ၁၈.၇.၂၀၁၄ ညနေ (၆)နာရီမှ စတင်ကာ အောင်မြတ်ခန်းမတွင် မူလတန်းအဆင့် ဗိုလ်ချုပ်မိန့်ခွန်းပြိုင်ပွဲနှင့် အာဇာနည်နေ့ အထိမ်းအမှတ် ပြခန်း ဖွင့်လှစ်ပြသခြင်း။

အစီအစဉ် (၂)။ ။ ၁၉.၇.၂၀၁၄ နံနက် (၆)နာရီ အချိန်တွင် အောင်မြတ်ခန်းမ၌ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော် (၉)ပါးအား အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း။

အစီအစဉ် (၃)။ ။ နံနက် (၇)နာရီမှ စတင်ကာ ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များမှ လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုခြင်း။

အစီအစဉ် (၄)။ ။ နံနက်(၁၀း၃၅)မိနစ်အချိန်တွင် နိုင်ငံတော် အလံအား အလေးပြုခြင်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း။

အစီအစဉ် (၅)။ ။ အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရကျောင်းသူ ကျောင်းသားများအား ဆုချီးမြှင့်ခြင်း။

တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည့် (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်ဖြစ်ပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~