ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ငွေးကြေးကိစ္စများနှင့် ပတ်သက်၍ ငွေသွင်း၊ ငွေထုတ် နှင့် ငွေလွှဲပြောင်းမှု ကိစ္စများအတွက် ပိုမိုအဆင်ပြေစေရန် ဘဏ်မျိုးစုံမှ ဘဏ်ခွဲများ ဖွင့်လှစ်ထားရှိရာ ဇူလိုင်လ (၂၁)ရက်နေ့မှစ၍ တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်တွင် ကမ္ဘောဇမီနီဘဏ်ကို ဖွင့်လှစ်ထားရှိပြီဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ကမ္ဘောဇဘဏ်လီမိတက်အနေဖြင့် တာလော့ရပ်ကွက်တွင် ဘဏ်ခွဲ(၁) နှင့် မယ်ခေါင်ရပ်ကွက်တွင် ဘဏ်ခွဲ(၂)အဖြစ် ဖွင့်လှစ်ထားရှိပြီးနောက် ဇူလိုင်လ(၂၁)ရက်နေ့က စတင်ကာ တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်း ဘဏ်အသေးစားဖြစ်သည့် KBZ mini bank ကို ဖွင့်လှစ်ထားရှိကာ ဘဏ်လုပ်ငန်းဆောင်ရွက်မှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် ယခုဖွင့်လှစ်လိုက်သည့် KBZ mini bank အပါအ၀င် အခြားဘဏ်ခွဲများ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ KBZ Bank (1)၊ KBZ Bank (2)၊ ဧရာဝတီဘဏ်၊ AGD Bank၊ CB Bank နှင့် မြ၀တီဘဏ် စုစုပေါင်း ဘဏ်ခွဲ (၈)ခု ရှိကြောင်း သိရှိရသည်။