ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် မြို့နယ်အဆင့် စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲတို့ကို ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၁၆)ရက် နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှနှင့် ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး ဒိုင်အဖြစ် တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ ဦးမောင်ကြည် (မောင်ဆွေငြိမ်း)၊ ဦးမြင့်ဝင်းလှ (မြတ်မျိုးမြင့်မာန်)၊ ဦးမောင်မောင်နိုင် (နိုင်မောင်မောင်)၊ ဦးစိုင်းဇော်မိုး (စူလဏီး)၊ ဦးဝေယံဦး(နေတစ်စင်း)နှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခိုင်လင်းတို့မှ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်အဆင့် စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲတို့ကို ယနေ့ သြဂုတ်လ(၁၆)ရက်မှ သြဂုတ်လ(၁၇)ရက်နေ့အထိ နှစ်ရက်တိုင်တိုင် အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်)တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။