တာချီလိတ်မြို့နယ် ထွေ/အုပ် ၀န်ထမ်းများ၏ ကျောင်းနေအရွယ် ကလေးသူငယ်များအား ပညာသင်ကြေးထောက်ပံ့

တာချီလိတ်မြို့နယ် ထွေ/အုပ် ၀န်ထမ်းများ၏ ကျောင်းနေအရွယ် ကလေးသူငယ်များအား ပညာသင်ကြေးထောက်ပံ့
သြဂုတ် 18, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ၀န်ထမ်းများ၏ ပညာသင်အရွယ် သား၊သမီး ကျောင်းသား၊ကျောင်းသူများအား ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ကြေးအဖြစ် ထောက်ပံ့ငွေ ကျပ် (၂၅၉၀၀၀)ကို ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၁၈)ရက် နံနက်ပိုင်း(၁၀)နာရီအချိန်က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားတွင်  တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က တက္ကသိုလ် ကျောင်းသား/သူ၊ အထက်တန်း နှင့် အလယ်တန်း ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေ ပေးအပ်သည်။

ဆက်လက်၍ မြို့နယ်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အေးသန္တာကျော်က မူလတန်း နှင့် မူကြို ကျောင်းသား၊ ကျောင်းသူ၊ ကလေးသူငယ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယခုလိုပေးအပ်ရာတွင် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ၀န်ထမ်း (၂၂)ဦး၏ ကျောင်းနေအရွယ်၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၃၇)ဦးအတွက် ပညာသင်ကြေးအဖြစ် ထောက်ပံ့တာဖြစ်ပြီး ယခုလို ထောက်ပံ့ပေးအပ်မှုသည် အဆိုပါဌာနအနေဖြင့် နှစ်စဉ်ထောက်ပံ့ ပေးအပ်တာဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~