ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လမ်းဘေး စည်ပင်နယ်နိမိတ်အတွင်းရှိ ဈေးသည်များအား ဖယ်ရှားမှုခံရသည့်အထဲတွင် မြန်မာဈေးသည်များလည်း ပါဝင်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လမ်းဘေး စည်ပင်နယ်နိမိတ်အတွင်းရှိ ဈေးသည်များအား ဖယ်ရှားမှုခံရသည့်အထဲတွင် မြန်မာဈေးသည်များလည်း ပါဝင်
သြဂုတ် 25, 2014
By Tachileik News Agency

ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လမ်းမကြီးတစ်လျှောက်ရှိ ဘေးဘယ်ညာ ပလက်ဖောင်းပေါ်နှင့် စည်ပင်သာယာရေးအပိုင် နယ်နိမိတ်နှင့် မလွတ်ကင်းသည့် ပျံကျဈေးသည်များ၊ လမ်းဘေးချရောင်းသည့် ဈေးသည်များ၊ သတ်မှတ် နယ်နိမိတ်အတွင်း လက်ဝတ်ရတနာ ရောင်းချသည့် မှန်ဘီဒီုများ စသည်တို့ကို ရောင်းချခွင့် မပေးတော့ကြောင်း ပြီးခဲ့သော သြဂုတ်လ (၁၈)ရက်နေ့က မယ်ဆိုင်မြို့ရှိ သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ သတိပေးခဲ့ပြီးနောက် ယနေ့ သြဂုတ်လ(၂၅)ရက် ထိုင်းစံတော်ချိန် နံနက်(၈)နာရီမှစ၍ စည်ပင်ပိုင် နိမိတ်များအတွင်း ဈေးရောင်းချခြင်း ရှိမရှိ လိုက်လံစစ်ဆေးပြီး နယ်နိမိတ်အတွင်း သန့်ရှင်း ဆေးကြော ရှင်းလင်းခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

( တခါတည်း ရေဖြင့် ဆေးကြောသန့်စင် ရှင်းလင်း )
( ယခင်က ဈေးသည်များရှိခဲ့သည့်နေရာ )

"သူတို့တွေ မနက်(၈)နာရီလောက်ကတည်းက ရောက်လာကြပြီး ပလက်ဖောင်းနေရာတွေ လမ်းမအကျယ် စတာတွေကို သေသေချာချာတိုင်းကြတယ်၊ တခါတည်း ရေဆေးသန့်ရှင်းရေးလည်း လုပ်ကြတယ်၊ ပလက်ဖောင်းပေါ် ရောက်နေတဲ့ မိုးကာတွေ၊ ပိုင်ရှင်ရှိရင်တော့ ကောင်းကောင်းမွန်မွန်ဖယ်ခိုင်းတယ်၊ ပိုင်ရှင်မရှိတာတွေကိုတော့ သူတို့ကိုယ်တိုင် ဖယ်ရှားကြတာကို တွေ့ရပါတယ်"ဟု မယ်ဆိုင်မြို့တွင် ဈေးရောင်းချသူ မြန်မာနိုင်ငံသား တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

( မယ်ဆိုင်မြို့ပိုင်နှင့်အဖွဲ့မှ လိုက်လံစစ်ဆေးစဉ် )
( စည်ပင်ပိုင် နယ်နိမိတ်အတိအကျတိုင်းထွာနေ )

"အခုက စည်ပင်နဲ့ မလွတ်တာမှန်သမျှ အကုန်ရှင်းလင်းတယ်၊ ဒီလိုလုပ်တာကို ထိုင်းဈေးသည်တွေကတော့ ဆန္ဒပြချင်နေပုံရတယ်၊ အဲ့လိုပြတဲ့အထဲ မြန်မာနိုင်ငံသား ဈေးသည်တစ်ချို့လည်း ထိုင်းဘက်က အင်အားများရင်တော့ ၀င်ရောက် ဆင်နွှဲဖို့ရှိနိုင်တယ်၊ ဒါပေမဲ့ လတ်တလော ကာလ အနေအထားအရ လုပ်ရဲပုံမပေါ်ကြဘူး"ဟု မြန်မာနိုင်ငံသားဈေးသည် တစ်ဦးမှ ပြောလာသည်။

( ကားလမ်းမ နှင့် ပလက်ဖောင်း တိုင်းထွာနေပုံ )
( မလွတ်ကင်းသည့် မိုးကာများလဲ ဖယ်ရှား )

"အခု မယ်ဆိုင်လမ်းဘေးမှာ ဈေးရောင်းနေတဲ့ လူတစ်ယောက်မှ မတွေ့ရတော့ဘူး၊ မယ်ဆိုင်ဈေးနားမှာလည်း အရင်က ယာဉ်နှစ်ထပ်ရပ်ပြီး ခဏစောင့်လို့ရတယ် အခုမရတော့ဘူး၊ ဟုန်ဖပလာဇာ အနောက်မှာတော့ လမ်းဘေးမှာရောင်းနေတဲ့ ဈေးသည်တွေအတွက်ထင်တယ် နေရာသတ်မှတ်ပေးထားတာကိုတော့ တွေ့ခဲ့တယ်"ဟု မြန်မာနိုင်ငံသား သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ဦးမှ ပြောပြသည်။

( ယခုဖော်ပြပါပုံ အတိုင်းသာ ရောင်းချခွင့်ပြုထားသည် )

မြို့လယ်လမ်းမကြီးတလျှောက် စည်ပင်ပိုင်နယ်နိမိတ်များကို ရှင်းလင်းရာမှာ မယ်ဆိုင်မြို့ပိုင် နိုင်းဆုံမ် ချိုင်းရွန့်ဆာခွမ်း နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ စစ်သား နှင့် ပြည်သူ့စစ်များ၊ ရဲများ စသည်တို့မှ လိုက်လံစစ်ဆေး ဆောင်ရွက်နေကြတာဖြစ်ပြီး ၎င်းတို့ သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်း ဈေးရောင်းချရင်တော့ ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရှိရသည်။

သတင်း။   ။ကိုဇောင်း
ဓါတ်ပုံ။  ။ UT-MS
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~