ရှမ်းပြည်နယ်(အရှေ့) ပြန်/ဆက်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်း တာချီလိတ်၌ ပို့ချ

ရှမ်းပြည်နယ်(အရှေ့) ပြန်/ဆက်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်း တာချီလိတ်၌ ပို့ချ
သြဂုတ် 28, 2014
By Tachileik News Agency

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု(Third Wave)လုပ်ငန်းစဉ် အရ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ သြဂုတ်လ (၂၈)ရက် နံနက်(၉)နာရီက တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ခန်းမတွင်ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်က (Third Wave)လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး၊ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မိမိတို့ ၀န်ထမ်းအားလုံးသည်လည်း မိမိဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရေး အတွက်ကြိုးစား ဆောင်ရွက်ကြရန်နှင့် ပြုပြင်ပြောင်းလဲရေး ရလဒ်များ ပြည်သူ့ ထံသို့ရောက်ရှိရေး၊ Good governace Clean goverment ဖြစ်လာစေရေး လုပ်ငန်းကို အရှိန်အဟုတ်မြှင့်ဆောင်ရွက်ရေး၊ အရည်အသွေးမြင့်မားရေး၊ ကိုယ်ကျင့်တရားကောင်းမွန်အောင် aဆာင်ရွက်ရေး၊ တိုင်းဒေသကြီးပြည်နယ် အလိုက် စီမံချက်ရေးဆွဲပြီးဖြစ်၍ စီမံချက်ပါအတိုင်း တစ်ဦးချင်း တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့်ဆောင်ရွက်ရေး၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ မြို့နယ် အလိုက် ဖွဲ့စည်းထားသည့် ကော်မတီ(၃)ရပ်နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဒေသအလိုက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက် ရေးမှာကြားသည်။

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်ရုံးများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ဗီဒီယို ကင်မရာ(အကြီး)တစ်လုံး၊ လက်တော့(၁)လုံး၊ ဓာတ်ပုံကင်မရာ(၉)လုံးတို့အား ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်က သက်ဆိုင်ရာခရိုင်ဦးစီးအရာရှိများထံသို့ပေးအပ်သည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ်မှူးနှင့်ခရိုင်ဦးစီးအရာရှိများ ၊ မြို့နယ် ဦးစီးမှူးများ၊ ၀န်ထမ်းများစုစုပေါင်း ၃၂ ဦးတက်ရောက်ကြပြီး သင်တန်းကို သြဂုတ်လ(၂၉)ရက်နေ့ထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း။   ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~