ကျောင်းနေရွယ် ကလေးသူငယ်လေးများ ၀ယ်ယူစားသောက်နေသော ကျောင်းတွင်းရောင်းချနေသည့် မုန့်ဈေးတန်းများမှ မုန့်များသည် ကလေးသူငယ်များအတွက် ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိမရှိ နှင့် ဘေးဥပါဒ်ဖြစ်စေနိုင်ပြီး ဓါတုဆိုးဆေးများနှင့် ပြုလုပ်ထားသည့် မုန့်များ ရောင်းချနေခြင်း ရှိမရှိကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၄)ရက် နံနက်ပိုင်းက အ.ထ.က(တာချီလိတ်) နှင့် အ.မ.က(တာလော့)ကျောင်းတို့တွင် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် အ.ထ.က(တာချီလိတ်)ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းအပါအ၀င် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာမများပါဝင်သည့်အဖွဲ့သည် အဆိုပါကျောင်းအတွင်း ဆိုးဆေးပါသော မုန့်များရှိမရှိကို စစ်ဆေးခဲ့ကြပြီး အချိုရည်များကိုလည်း ထုတ်လုပ်သည့် ရက်စွဲ သက်တမ်းကုန်လွန်ခြင်း ရှိမရှိ ကို စစ်ဆေးခဲ့ကြပြီး မုန့်ဈေးဆိုင်ပိုင်ရှင်များအား မြို့နယ်အုပ်ချုပ်ရေးမှူးက သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်းမပြုရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန် အသိပညာပေး၍ မှာကြားခဲ့ကြောင်း သိရသည်။