ဟောင်းသော်လည်း စွမ်းရည်ထက်မြက်သူများ၏ ၀မ်းသာပီတိ

ဟောင်းသော်လည်း စွမ်းရည်ထက်မြက်သူများ၏ ၀မ်းသာပီတိ
စက်တင်ဘာ 5, 2014
By Tachileik News Agency

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးများ ဖြစ်သည့် ကျောင်းသား/ကျောင်းသူများ၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာသင် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို  ယနေ့ စက်တင်ဘာလ(၅) ရက်နေ့ နံနက်ပိုင်းက  တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နာယက စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ ဗိုလ်မှူးကြီး ဇော်နိုင်ဦး တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယခုလို ပညာသင်ကြေး ထောက်ပံ့ငွေပေးအပ်မှုသည့် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် သြဂုတ်လ (၄)ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ အဖွဲ့ဝင်များ၏ သား/သမီးဖြစ်သည့် ကျောင်းသား/ကျောင်းသူ(၁၄၇)ဦးကို ပညာသင်ထောက်ပံ့ငွေ (၆၂၈၅၀၀၀)ကျပ် ထောက်ပံ့ငွေအပ်ခဲ့ပြီးဖြစ်ရာ ယနေ့ပြုလုပ်သည့် ထောက်ပံ့ငွေပေးအပ်မှုမှာ ကျပ်ငွေ(၂၁၆၅၀၀၀)ရှိကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နာယက စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ ဗိုလ်မှူးကြီး ဇော်နိုင်ဦး က အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် လည်းကောင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် လည်းကောင်း၊ တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင် (ဗိုလ်ကြီး-ငြိမ်း)မှ လည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် စစ်ဗျူဟာမှူးမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများဖြစ်သည့် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးမြှင့်မားမှုကို တာချီလိတ်မြို့နယ်ရှိ ဌာနဆိုင်ရာများမှ ၀ိုင်းဝန်းစောင့်ရှောက်ပေးရန်နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် မိဘများအနေဖြင့်လည်း မိမိတို့၏ သား/သမီးများဖြစ်သည့် ကျောင်းသား/ကျောင်းသူများကို ဘက်စုံထူးချွန်ပြီး စံနမူနာအဖြစ် အတုယူကြိုးစားအားထုတ် နိုင်စေရေးအတွက် မိဘများမှ အားပေးကြပ်မတ် ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး လမ်းစဉ်အဖြစ် မမှိတ်မသုန် ခံယူပြီး ကိုယ်ပိုင် ဂုဏ်သိက္ခာ၊ ကိုယ်ပိုင်ဂုဏ်ဒြပ်နဲ့ပြည်စုံတဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ကြီးအဖြစ် အမြဲရှင်သန်ရပ်တည်နေနိုင်ရေအတွက် အဖွဲ့ဝင်တိုင်း ခွန်အားရှိသမျှ အစဉ်ကြိုးပမ်း ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

တပ်မတော်၏ စေတနာ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၏ ကြိုးပမ်းဆောင်ရွက်ပေးမှုများကြောင့် အသက်အရွယ်အရ လည်းကောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် လည်းကောင်း စစ်မှုထမ်းဟောင်းများ အဖြစ် ရပ်တည်နေခဲ့ရသော်လည်း ခံယူချက်ပြည့်ဝစွာဖြင့် နိုင်ငံတော်ပေါ် သစ္စာစောင့်သိပြီး စွမ်းရည် ထက်မြက်သူများ အဖြစ် ဆက်လက်ရှင်သန် ရပ်တည်နေခြင်းသည် တပ်မတော်သား တစ်ယောက်၏ ဂုဏ်သိက္ခာကို သိရှိခဲ့ရခြင်းပင်ဖြစ်ပါသည်။

စစ်မှုထမ်းဟောင်းများ၏ စွမ်းရည်ကို ကျွန်တော်ယုံကြည်မိသလို စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား၊သမီးများ ဖြစ်ကြသည့် ကျောင်းသား/ကျောင်းသူများ အတွက်လည်း တပ်မတော်၏ စေတနာကို ၀မ်းသာပီတိဖြစ်မိပါသည်။

အဖွဲ့ဝင်များ၏ သား/သမီးများဖြစ်သည့် ကျောင်းသား/ကျောင်းသူများသည့် နောင်တချိန်တွင် ၎င်းတို့၏ ဖခင်များကဲ့သို့ နိုင်ငံတော်၏ ထူးချွန်သည့် ခေါင်းဆောင်ကောင်းများအဖြစ် ပေါ်ထွန်းလာမည့်ကို ကျွန်တော်ယုံကြည်မိရင်း ဟောင်းသော်လည်း စွမ်းရည်ထက်မြက်နေကြသူများ ဖြစ်ကြောင်း ဂုဏ်ပြုမှတ်တမ်း တင်မိပါသည်။

သတင်း ။   ။ ကိုသားကြီး

ဟောင်းသော်လည်း စွမ်းရည်ထက်မြက်သူများ၏ ၀မ်းသာပီတိ

22 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~