ဒဿမအကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ချစ်ကြည်ရေးအားကစားပွဲ ( X Mekong Goodwill Games Chianrai 2014 )အား စက်တင်ဘာလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တွင် ကျင်းပပြုလုပ်ရာ ပြိုင်ပွဲသို့ မြန်မာ - လာအို - ထိုင်း - တရုတ် - ဗီယက်နမ် - ကမ္ဘောဒီးယား-လာအို စသည့် နိုင်ငံများမှ အားကစားသမားများ ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ တာချီလိတ်-ကျိုင်းတုံ- မိုင်းဖြတ်မြို့များမှ လူငယ်အားကစားသမား (၃၄)ဦးက ဘောလုံး၊ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် ရိုးရာအားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်ကြရာ ရွှေတံဆိပ် (၃)ဆု ၊ ငွေတံဆိပ် (၁) ဆု ၊ ကြေးတံဆိပ် (၂) ဆု အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။
ထိုင်းနိုင်ငံ ချင်းရိုင်းသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရ မြန်မာအားကစားသမားများအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြို့မိမြို့ဖများ နှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယနေ့ စက်တင်ဘာ (၅)ရက်
နံနက်ပိုင်းတွင် တာချီလိတ်မြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ တဆင့် ဂုဏ်ပြုကြိုဆိုကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အားကစားသမားများအား မြို့နယ်ထွေ/အုပ်ရုံးတွင် ၀မ်းမြောက်ကြောင်း စကားပြောကြားပြီး နောက်လာမည့် နှစ်တွင် ယခုထက် ပိုမို၍ ဆုများ ဆွတ်ခူးနိုင်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးစေရန်အတွက် အားပေးစကားပြောကြားခဲ့ကြသည်။