၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့က တာချီလိတ်တွင် အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ မြို့ပေါ် (၉)ရပ်ကွက်တို့မှ ပြည်သူလူထု စုစုပေါင်း (၄၀၀၀)ကျော် ရေဘေးဒဏ်ခံခဲ့ရသည်ဖြစ်သည့်အတွက် ရေဘေးသင့် ပြည်သူများအား စာနာသောအားဖြင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်နိုင်ရန်နှင့် ရေဘေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်သည့်နေရာများတွင် ဘက်စုံအသုံးပြုနိုင်ရန်အတွက် မန်းရတနာပုံ လေကြောင်းလိုင်း ( Mann Yadanarpon Airlines )မှ ကျပ်ငွေ (၁၀)သိန်းတိတိကို ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁၁)ရက် နံနက် မွန်းလွဲ(၁)နာရီအချိန်က တာချီလိတ်မြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက်လှူဒါန်းရာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ရေဘေးသင့် ပြည်သူများကိုယ်စား ၀မ်းမြောက်စွာဖြင့် လက်ခံရယူသည်။
တဆက်တည်းမှာပင် တာချီလိတ်မြို့တွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပ ပြုလုပ်မည့် ဓမ္မစကြာရွတ်ဆိုပြိုင်ပွဲအတွက် မန်းရတနာပုံ လေကြောင်းလိုင်း ( Mann Yadanarpon Airlines )မှ ကျပ်ငွေ(၅)သိန်း တိတိကို ပေးအပ်လှူဒါန်းရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့်အဖွဲ့မှ ၀မ်းမြောက်စွာ လက်ခံရယူခဲ့ကြသည်။
ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းလာသော စားနပ်ရိက္ခာများအား ရပ်ကွက်ရုံးများမှ တဆင့် စနစ်တကျ ပေးဝေထောက်ပံ့လျှက်ရှိပြီး အလှူငွေများအား လိုအပ်သည့်နေရာများနှင့် လိုအပ်သည့် စာနပ်ရိက္ခာများ ထပ်မံဝယ်ယူရာတွင် စနစ်တကျ အသုံးပြု၍ ရေဘေးသင့်ပြည်သူများထံ လက်ဝယ်ရောက်ရှိစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။