မြန်မာနိုင်ငံ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်သူများအသင်း နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ စာသင် သံဃာတော် အပါး (၁၁၃)ပါးအား ၀ါဆိုသင်္ကန်းဆက်ကပ်

မြန်မာနိုင်ငံ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်သူများအသင်း နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ စာသင် သံဃာတော် အပါး (၁၁၃)ပါးအား ၀ါဆိုသင်္ကန်းဆက်ကပ်
စက်တင်ဘာ 12, 2014
By Tachileik News Agency

မြန်မာနိုင်ငံ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်သူများ အသင်း နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များ အသင်းမှ တာချီလိတ်မြို့ရှိ ၀ါဆိုစာသင် သံဃာတော်များအား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အဖြစ် ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁၂)ရက် နံနက်ပိုင်းက တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ လှူဖွယ်အစုစု၏ တန်ဖိုးမှာ ကျပ်ငွေဖြင့် သိန်း(၃၀)ခန့် တန်ဖိုးရှိကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှု အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ခရိုင်လ၀ကမှူး ဦးကျော်စွာလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊  ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်ဦး နှင့် အတွင်းရေးမှူး ဦးတင်နွယ်တို့ပါဝင်သည့် သတ္တုလုပ်ငန်းရှင်များ၊ မြို့နယ်ဂေါပက ဥက္ကဌ သုဓမ္မမဏိဇောတဓရ ဦးမောင်လေး နှင့် အလှူရှင်များ တက်ရောက်၍ ၀ါဆိုသင်္ကန်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းသို့ လှူဒါန်းရာတွင် တာချီလိတ်မြို့ရှိ စာသင်တိုက်များစွာအနက်  ရွှေဥတောင်ပရိယတ္တိစာသင်တိုက်၊ ရွှေစေတီ နှင့် သဒ္ဓမ္မ၀ိဟာရ စသည့် စာသင်တိုက် သုံးတိုက်မှ စာသင်သံဃာတော် အပါး (၁၁၃)ပါးအား ၀ါဆိုသင်္ကန်းများဖြင့် တက်ရောက်လာသည့် အလှူရှင်များမှ အသီးသီး ဆက်ကပ်လှူဒါန်းကြပြီးနောက် လှူဖွယ် အစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ကြသည်။

"တကယ်လိုအပ်တဲ့ နေရာကို လှူဒါန်းတာဟာ ကောင်းသောလှူခြင်းပဲ၊ စာသင်သံဃာတော်တွေကို လှူဒါန်းတာဟာလည်း လိုအပ်တဲ့နေရာကို ဖြည့်ဆည်းပေးလိုက်တာနဲ့အတူတူပဲ၊ သာဓုခေါ်ပါတယ်"ဟု ဆရာတော်တစ်ပါးမှ တာချီလိတ်အွန်လိုင်းသို့ မိန့်သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးတင်နွယ်နှင့် လုပ်ငန်းရှင်များသည် တာချီလိတ်မြို့ အတွင်းရှိ ကိုးန၀င်းကျောင်းတိုက်သို့ သွားရောက်၍ ၀ါဆိုသင်္ကန်းများ ဆက်ကပ်ပူဇော် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
မြန်မာနိုင်ငံ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် နှင့် ရှမ်း(ရှေ့)သတ္တု....

90 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~