ကျွန်တော်တို့မြို့လေးထဲကို ချောင်းလေးတစ်ချောင်းကျ ဖြတ်စီးဆင်းနေပါတယ်၊ ကျွန်တော်ငယ်ငယ်က ချောင်းလေးထဲကရေတွေက ကြည်လင်လို့၊ ချောင်းလေးပေါ်မှာ ရေးချိုးတဲ့သူ၊ အ၀တ်လျှော်တဲ့သူ၊ ကလေးတွေလဲဆော့ကစား၊ ချောင်းလေးဘေးက ရေတွင်းထဲက ရေခတ်တဲ့သူတွေနဲ့ စည်းကားနေတာ ချောင်းလေးလည်း သူ့ဟာသူ ညင်ညင်သာသာလေး စီးဆင်းလို့နေလေရဲ့၊ သူ့ရင်ခွင်ထဲမှာ ငါးလေးတွေ၊ လိပ်လေးတွေဟာ ပျော်ပါးလို့၊ ချောင်းဘေးက အိမ်မှာနေတဲ့သူတွေကလဲ ညပိုင်းမှာ ချောင်းလေးရဲ့ စည်းချက်ညီ လှိုင်ပုတ်သံနဲ့အတူ လွှင့်မျှော်ရင် အိပ်စက်နေကြလေရဲ့...။
ချောင်းလေးဟာ နောက်ပိုင်းနှစ်တွေမှာတော့ မူသိပ်မမှန်တော့ဘူး ရေစီးသံတွေဟာလဲ ဒေါသသံတွေ စွတ်လို့၊ တစ်ခါတစ်လေ ညသန်းခေါင်ယံမှာ ချောင်းဘေးနားက အိမ်တွေပေါ် သူ့လှိုင်းလုံးကြီးတွေနဲ့ ဒေါသတကြီးရိုက်ပုတ် ဖြိုဖျက်ဖို့ကြိုးစားနေလေရဲ့၊ တစ်ခါတစ်လေ ရေတွေဆက်လက်မစီးဆင်းဘဲ ပြည့်လျှံလို့ လူတွေကို ဒုက္ခသူပေးလေတယ်။
ဘာဖြစ်လို့ အရင်က ချစ်စရာစမ်းချောင်းလေးက အခုတော့ ဒေါသတွေထွက်ရင်း ဒုက္ခတွေပေးနေပါလိမ့်ပေါ့။ စမ်းချောင်းလေးကို လေ့လာကြည့်တော့ တွေ့ပါပြီဗျာ။သူ့ရေစီးလမ်းကြောင်းပေါ်မှာ အမှိုက်တွေပစ်၊ မြေတွေဖို့လို့၊ အရင်က ကြည်လင်နေတဲ့ရေတွေ အခုတော့ အမဲရောင်သန်းပြီး ကျွတ်ကျွတ်အိတ်တွေနဲ့ ပြည့်နှက်လို့ပါလား၊ သူ့ရင်ခွင်ထဲမှာ နှုန်းတွေနဲ့ပြည့်နှက်လို့ သူ့လမ်းကြောင်းကိုသူ တစ်အိအိနဲ့ခရီးနှင်နေရတာကော်၊ သူအရင်ကလို မသန့်ရှင်းတော့ သူစိတ်ညစ်ညူးနေရှာပြီလေ၊ သူ့ကိုကျူးကျော်ပြီး မြေဖို့လက်ညိုးထိုးပြီး ငါပိုင်တယ်လို့ပြောတဲ့သူတွေ၊ သူ့အပေါ် အမှိုက်ပေါင်းစုံပစ်ပြီး ညစ်ပတ်အောင်လုပ်တဲ့သူတွေကို သူအငြိုးတကြီးနဲ့ ကျိန်စာတိုက် တွန်းလှန်နေသော်လည်းပဲ....................