တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု ကျောက်လိုဏ်ဂူ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင်
ကိုရင်ငယ် (၁၁)ပါးနှင့် ကျောင်းသား၊ ကျောင်းသူ (၄၃)ဦး ပညာသင်ကြားလျက်ရှိပြီး ယခင်က ကျောင်းတိုက်အောက်ထပ် သမံတလင်းတွင် စာသင်ခုံမရှိ ပညာသင်ကြားခဲ့ရသည်။
ထိုသို့ ပညာသင်ကြားရေးတွင် အခက်အခဲရှိနေသည့် အတွက် မင်းခေတ်သစ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံစီမံကိန်းမှ ငွေကျပ်(၁၁၃)သိန်းတန်ဖိုးရှိ အလျား (၁၀၀)ပေx အနံ(၁၈)ပေ အုတ်ကာ၊အုတ်ကျွတ်မိုး ကျောင်းဆောင် တစ်ဆောင်နှင့် ငွေကျပ် (၇)သိန်းခွဲတန်ဖိုးရှိ စာရေးခုံများ လှူဒါန်းထားသဖြင့် ကျောင်းသားများ ပညာသင်ကြားရေးတွင် အဆင်ပြေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါ ကျောင်းတွင်ပညာသင်ကြားနေသော ကလေးငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မင်းခေတ်သစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းတို့ ပူးပေါင်းပြီး စက်တင်ဘာ (၁၆) ရက် နံနက်ပိုင်းက မင်းခေတ်သစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်နှင့် ဇနီးဒေါ်စန်းစန်းမြင့်တို့မှ အာဟာရ နို့နှင့် အာဟာရမုန့်များ ကျွေးမွေးပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ကျောင်းအတွက် စာအုပ် စာစောင်များ လှူဒါန်းခြင်း၊ စာပေဖတ်ရှုစေခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။