ရှမ်းပြည်နယ် (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲတွင် တာချီလိတ်ခရိုင်ကိုယ်စားပြုမှ ဆု(၆)ဆု ရရှိခဲ့

ရှမ်းပြည်နယ် (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲတွင် တာချီလိတ်ခရိုင်ကိုယ်စားပြုမှ ဆု(၆)ဆု ရရှိခဲ့
အောက်တိုဘာ 28, 2014
By Tachileik News Agency

တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ် (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲသို့  တာချီလိတ်ခရိုင်ကိုယ်စားပြုအဖြစ် အုပ်ချုပ်သူ ဦးမင်းမင်းထွန်း ဦးဆောင်သည့် အဖွဲ့မှ သွားရောက်၍ ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတွင် ဆု(၆)ဆု ရရှိခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် တာချီလိတ်ခရိုင် ကိုယ်စားပြုအနေဖြင့် အခြေခံပညာအဆင့် (၁၅-၂၀)နှစ် တစ်ပင်တိုင်အက (ပထမဆု)၊ အခြေခံပညာအဆင့် (၁၅-၂၀)နှစ် အမျိုးသမီးအက (တတိယဆု)၊ အခြေခံပညာအဆင့် (၅-၁၀)နှစ် အမျိုးသားအက (ဒုတိယဆု)၊ အခြေခံပညာအဆင့် (၁၀-၁၅)နှစ် အမျိုးသားအက (တတိယဆု)၊ ၀ါသနာရှင်(ဒုတိယတန်း) အမျိုးသားအက(တတိယဆု)၊ ၀ါသနာရှင်(ဒုတိယတန်း) ခေတ်အကြိုက်(အဆို)၊ တတိယဆုနှင့် ရှမ်းယဉ်ကျေးမှုအဖွဲ့ (၀ါကျွတ်ပွဲတော် အက )(စတုတ္တနေရာ) စုစုပေါင်း ဆု(၆)ဆု ရရှိခဲ့သည်။

တာချီလိတ်ခရိုင် ကိုယ်စားပြုအနေဖြင့် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် လူမှုရေး အသင်းအဖွဲ့များမှ စုပေါင်း၍ လိုအပ်သည်များကို ပံ့ပိုး ကူညီလှူဒါန်းခဲ့ကြတာဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~