သီရိလင်္ကာအလယ်ပိုင်းမှာ မုတ်သုံမိုး အဆက်မပြတ် ရွာသွန်းမှုဒဏ်ကြောင့် မြေပြိုမှုဖြစ်ပွားပြီး အိမ်ခြေ(၁၄၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူအနည်းဆုံး (၁၀)ဦးခန့် သေဆုံးမှုဖြစ်ခဲ့ရသည့်အပြင် လူဦးရေ ရာနှင့်ချီ ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်တစ်ခု ယနေ့ အောက်တိုဘာလ(၂၉)ရက် ဒေသစံတော်ချိန် နံနက်(၇း၃၀)နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ ဘီဘီစီ ကမ္ဘာ့သတင်း က ရေးသားဖော်ပြထားပါတယ်။
သီရိအလင်္ကာနိုင်ငံရှိ Haldummulla မြို့နဲ့ မိုင်ပေါင်း(၁၂၀)ခန့်အကွာ၊ Colomboမြို့အရှေ့ဘက်ရှိ Badulla ခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် လူ(၁၀)ဦးခန့် သေဆုံးပြီး လူဦးရေ(၃၀၀)ခန့် ပျောက်ဆုံးနေကြောင်းနဲ့ မိုးရွာသွန်းမှုကြောင့် တောင်ပြိုကျရာမှ ရွှံ့မြေများ ပေ(၃၀)ခန့်အထိ ရွာအတွင်း ဖုံးလွှမ်းသွားခြင်းကြောင့် ဖြစ်ပေါ်ရတာဖြစ်ကြောင်းသိရပါတယ်။
ဘာသာပြန် ။ ။ မင်းသုတ
ref; bbc