တာချီလိတ်မြို့ ပါဆပ်ရပ်ကွက်၊ "မိုင်းယွန်း"ဆီပန့်ရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်မှုနှင့်အတူ ယာဉ်တိမ်းမှောက်မှုတို့ကြောင့် ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့ နံနက်(၆း၄၅)နာရီ အချိန်ခန့်က အသက်(၃၂)ခန့်ရှိ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်းနှင့် ၎င်းသည် ဆိုင်ကယ်စီးဦးထုပ်မဆောင်းထားသည့်အတွက် ဦးခေါင်း နှင့် နားထင်တို့တွင် ဒဏ်ရာပြင်းထန်စွာရရှိကာ ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်ကြောင်း တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
~⊱•❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
web: tv.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]