တာချီလိတ်ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်တင်လှူခြင်း အထိမ်းအမှတ်အဖြစ် (၁၆)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်

တာချီလိတ်ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်တင်လှူခြင်း အထိမ်းအမှတ်အဖြစ် (၁၆)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်
နိုဝင်ဘာ 2, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်အား ထီးတော်တင်လှူခြင်း အထိမ်းအမှတ် အဖြစ် (၁၆) ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကို ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၅) ရက် နံနက် (၆)နာရီ အချိန်တွင် သံဃာတော် နှင့် သီလရှင် စုစုပေါင်း အပါး ၃၅၀ ကျော်တို့အား တာချီလိတ်မြို့နယ်လုံးရှိ သဒ္ဒါထက်သန် စေတနာရှင် အလှူရှင်များက စည်ကားသိုက်မြိုက်စွာ  ဆွမ်းဆန်စိမ်း လောင်းလှူကြမှာ ဖြစ်ရာ စေတနာရှင် အလှူရှင်များအနေဖြင့် လာရောက် လောင်းလှူနိုင်ကြောင်း သိရသည်။

အဆိုပါနေ့တွင် ဆွမ်းလောင်းလှူပွဲ မစတင်မီ နံနက် ၅နာရီခွဲ ၀န်းကျင်မှာ နဂါးနှစ်ကောင်ဆရာတော် အပါအ၀င် ဆရာတော်ကြီး (၉) ပါးမှ ဘုရားအနေကဇာ တင်တော်မူကြမှာဖြစ်ပြီး ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ နှင့် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် အလှူရှင်များမှ ရေစက်သွန်းချ တရားတော်နာယူပြီးနောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပြုလုပ်သွားမှာ ဖြစ်သည့်အတွက် တာချီလိတ်မြို့ရှိ ပြည်သူများမှ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းမှ အသိပေးနိုးဆော်လိုက်ပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~